Memberတို့ကို Android apkဖိုင်ကနေ Source
Codeထုတ်ပုံထုတ်နည်းလေးပြောပြမယ်။ ကျွန်တော့်လို androidကို
စတင်လေ့လာသူတွေဟာ လေ့လာသူတို့ ထုံးစံအတိုင်း သူများဘယ်လို ရေးသလဲ
သိချင်ကြတာပေါ့။ andorid မှာ xml နဲ့ ဖန်တီးတဲ့ Layout ပိုင်းက မခက်ပေမဲ့
Java Cdoingရေးရတဲ့အခါ အခက်တွေ့လေ့ရှိပါတယ်။ ဒါကြောင့် ကျွန်တော်ကိုယ်တိုင်
သူများရဲ့ ရေးသားနည်းကို လေ့လာချင်လို့ siteပေါင်းများစွာ ရှာဖွေပြီး
ရလာတဲ့နည်းလေးဖြစ်ပါတယ်။
Apkဆိုတာ တကယ်တော့ Andorid Package ဖြစ်ပါတယ်။ .apk ဖိုင် extensionဟာ .zipဖိုင် formatဖြစ်ပြီး jar file formatအပေါ်မှာ အခြေခံထားတာပါ apkဖိုင်ထဲမှာ ဘာတွေပါမလဲဆိုတော့ .dex files, resources, assests, certificates နှင့် Manifest ဖိုင်တို့ ပါဝင်တယ်။အဲတော့ ကျွန်တော်တို့က Java sourceဖိုင်တွေကို ဘယ်လိုရယူမလဲ။ လွယ်လွယ်လေးပါ။
Step 1: .apk ဖိုင် extensionကို .zipဆိုပြီး zipဖိုင် ပြောင်းလိုက်ပါ။ ပြီးရင် zipကို ဖြည်ထားပါ။ အဲမှာ classes.dexဆိုတာလေးကို တွေ့ပါလိမ့်မယ်။ အဲဟာ ကျွန်တော်တို့ လိုချင်နေတဲ့ Source Codeပါ။
Step 2: dex2jarဆိုတာလေးကို ဒီlinkကနေ downloadဆွဲလိုက်ပါ။ zipဖြည်ထားပါ။ ပြီးရင် ဒီ dex2jarထဲကို ခုနက apkကို zipဖြည်ထားတဲ့ထဲက classes.dexဖိုင်လေး လာထည့်လိုက်ပါ။
Step 3: ပြီးရင် cmdကို ဖွင့်လိုက်ပါ။ dex2jarရှိတဲ့ locationကို cd commandနဲ့သွားပါ။ dex2jar folderကို ရောက်နေပြီဆိုရင်တော့ ဒီ commandကို ရိုက်ပါ dex2jar classes.dex လို့ ရိုက်လိုက်ရင် အဲ့ dex2jar folderထဲမှာ classes_dex2jar.jar ဆိုတဲ့ .jar fileလေးရပါလိမ့်မယ်။
Step 4: ဒီအဆင့်မှာ .jar ဖိုင်ကို Java decompilerနဲ့ java source codeထုတ်ယူပါ့မယ်။ အရင်ဆုံး java decompilerကို downloadဆွဲပါ။
Step 5: ရလာတဲ့ ဖိုင်ကို zipဖြည်ပြီး jd-gui.exeဖိုင်ကို runလိုက်ပါ။ jd-gui.exeရဲ့ window file menuကနေ classes_dex2jar.jarကို browseလုပ်ပေးလိုက်ပါ။
Step 6: နောက် file menuကနေ “save all sources”ကို နှိပ်လိုက်ပါ။ အဲ့ဒါဆိုရင် java source codeတွေ အားလုံးပါဝင်တဲ့ classes_dex2jar.src.zipဆိုတဲ့ zipဖိုင်လေး ရပါမယ်။ zipကို ဖြည်ကြည့်လိုက်ရင် ကျွန်တော်တို့ လိုချင်တဲ့ .javaဖိုင်တွေ ရပြီပေါ့။
XML ထုတ်ယူပုံကတော့ နောက်ရက်လာမည် မျှော်……………..
dex2jar.zip DOWNLOAD:
jd-gui.zip DOWNLOAD:
ref: IT Group

xml ထုတ်ယူပုံ မျှော်...
ReplyDelete