TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



Android Appကို စုဆောင်း၊ တုပ၊ ကိုင်ပိုင် ပြုစု ရေးသားချင်သူတွေ အတွက်

Memberတို့ကို Android apkဖိုင်ကနေ Source Codeထုတ်ပုံထုတ်နည်းလေးပြောပြမယ်။ ကျွန်တော့်လို androidကို စတင်လေ့လာသူတွေဟာ လေ့လာသူတို့ ထုံးစံအတိုင်း သူများဘယ်လို ရေးသလဲ သိချင်ကြတာပေါ့။ andorid မှာ xml နဲ့ ဖန်တီးတဲ့ Layout ပိုင်းက မခက်ပေမဲ့ Java Cdoingရေးရတဲ့အခါ အခက်တွေ့လေ့ရှိပါတယ်။ ဒါကြောင့် ကျွန်တော်ကိုယ်တိုင် သူများရဲ့ ရေးသားနည်းကို လေ့လာချင်လို့ siteပေါင်းများစွာ ရှာဖွေပြီး ရလာတဲ့နည်းလေးဖြစ်ပါတယ်။
Apkဆိုတာ တကယ်တော့ Andorid Package ဖြစ်ပါတယ်။ .apk ဖိုင် extensionဟာ .zipဖိုင် formatဖြစ်ပြီး jar file formatအပေါ်မှာ အခြေခံထားတာပါ apkဖိုင်ထဲမှာ ဘာတွေပါမလဲဆိုတော့ .dex files, resources, assests, certificates နှင့် Manifest ဖိုင်တို့ ပါဝင်တယ်။အဲတော့ ကျွန်တော်တို့က Java sourceဖိုင်တွေကို ဘယ်လိုရယူမလဲ။ လွယ်လွယ်လေးပါ။
Step 1: .apk ဖိုင် extensionကို .zipဆိုပြီး zipဖိုင် ပြောင်းလိုက်ပါ။ ပြီးရင် zipကို ဖြည်ထားပါ။ အဲမှာ classes.dexဆိုတာလေးကို တွေ့ပါလိမ့်မယ်။ အဲဟာ ကျွန်တော်တို့ လိုချင်နေတဲ့ Source Codeပါ။
Step 2: dex2jarဆိုတာလေးကို ဒီlinkကနေ downloadဆွဲလိုက်ပါ။ zipဖြည်ထားပါ။ ပြီးရင် ဒီ dex2jarထဲကို ခုနက apkကို zipဖြည်ထားတဲ့ထဲက classes.dexဖိုင်လေး လာထည့်လိုက်ပါ။
Step 3: ပြီးရင် cmdကို ဖွင့်လိုက်ပါ။ dex2jarရှိတဲ့ locationကို cd commandနဲ့သွားပါ။ dex2jar folderကို ရောက်နေပြီဆိုရင်တော့ ဒီ commandကို ရိုက်ပါ dex2jar classes.dex လို့ ရိုက်လိုက်ရင် အဲ့ dex2jar folderထဲမှာ classes_dex2jar.jar ဆိုတဲ့ .jar fileလေးရပါလိမ့်မယ်။
Step 4: ဒီအဆင့်မှာ .jar ဖိုင်ကို Java decompilerနဲ့ java source codeထုတ်ယူပါ့မယ်။ အရင်ဆုံး java decompilerကို downloadဆွဲပါ။
Step 5: ရလာတဲ့ ဖိုင်ကို zipဖြည်ပြီး jd-gui.exeဖိုင်ကို runလိုက်ပါ။ jd-gui.exeရဲ့ window file menuကနေ classes_dex2jar.jarကို browseလုပ်ပေးလိုက်ပါ။
Step 6: နောက် file menuကနေ “save all sources”ကို နှိပ်လိုက်ပါ။ အဲ့ဒါဆိုရင် java source codeတွေ အားလုံးပါဝင်တဲ့ classes_dex2jar.src.zipဆိုတဲ့ zipဖိုင်လေး ရပါမယ်။ zipကို ဖြည်ကြည့်လိုက်ရင် ကျွန်တော်တို့ လိုချင်တဲ့ .javaဖိုင်တွေ ရပြီပေါ့။
XML ထုတ်ယူပုံကတော့ နောက်ရက်လာမည် မျှော်……………..
dex2jar.zip DOWNLOAD:
jd-gui.zip DOWNLOAD:
ref: IT Group

Related Posts:

  • Sony အတွက် Myanmar Font Sony အတွက် Myanmar Font ဒါက Note သဘောလေးမျိုးလေးရေးထားတာပါ ။ အမှန်က Android ဖုန်းတိုင်းအတွက် အဆင်ပြေပါတယ် ။ ဒါပေမယ့် Sony အတွက်က အထိကပေါ့ ... So… Read More
  • WiFi Protector အခုတော့ လူတော်တော်များများ သိနေကြပြီလို့ထင်ပါတယ်။ အများသုံးဝိုင်ဖိုင်ဇုန်ထဲမှာ သူများ ဖေ့ဘွတ်အကောင့်ကို ဟက်တာလေ။ နာမည်တော့ မပြောတော့ဘူး… Read More
  • Easy Tether Pro ဖုန်းကနေ အင်တာနက်သုံးနေကြသူများအတွက်ပါ။ Android Phone တွေမှာ PC နဲ့ချိတ် Setting ထဲမှာ တစ်ဆင့်ချင်းဝင်ပြီးမှ သုံးရမှာ စိတ်ပျက်စရာတစ်ခုပဲဗျ။… Read More
  • How to receive Android notifications & text messages on your PC ရုံးရောက်ရင် ဖုန်းက silent လုပ်ထားတော့ တစ်ခါတစ်လေကျ Missed Call တွေ အများကြီးဖြစ်တာတို့ Message တွေ ရောက်နေတာ မသိတာတို့ ခဏခဏဖြစ်တတ်တယ်ဗျ။ ဒီေ… Read More
  • Galaxy Mini ကို Root လုပ်နည်း cbox ကနေ အကိုတစ်ယောက်တောင်းထားလို့ လုပ်ရတာ အဆင်ပြေအောင် တင်ပေးလိုက်ပါတယ်။ အမြစ်တူးဖို့ အောက်ကဟာလေး ဒေါင်းပါ။ >> Download Root/ Unroot Pa… Read More

1 comment:

  1. xml ထုတ်ယူပုံ မျှော်...

    ReplyDelete

ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်

အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...