TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



ကီးဘုတ် တစ်ဖြစ်လဲ iPhone 5 ကာဗာ


iPhone 5 အတွက် ထုတ်လုပ်ထားတဲ့ ကျောကပ်ကာဗာ ဖြစ်ပါတယ်။ ကာဗာ အနေနဲ့တောင် မဟုတ်ပါဘူး။ သူ့ကို ကီးဘုတ်အနေနဲ့ရော အသုံးပြုနိုင် မှာ ဖြစ်ပါတယ်။
၂ မီလီမီတာသာ ထူတဲ့ Ultra-Thin Magnetic ကီးဘုတ်၊ Controller ဖြစ် ပါတယ်။ ကြိုးမဲ့ Bluetooth ဆက်သွယ်ရေး စနစ်ကို အသုံးပြု ပါတယ်။ Apple ရဲ့  iPhone 5 အတွက်ပဲ သီးသန့် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အရမ်းလည်း ပါးတဲ့အတွက် အားကို ဘယ်လို သိမ်းဆည်းထားမလဲလို့တောင် သံသယ ဝင်ချင်စရာ ရှိပါတယ်။ အမှန်တော့ အားသွင်းစရာ အပေါက်ပါရှိပြီး အားတစ်ခါ သွင်းပြီးရင် နာရီပေါင်း ၄၀ အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။
ကီးဘုတ်မှာပါဝင်တဲ့ လက်ကွက်များကလည်း Keyboard Phone များထဲကလိုပါပဲ။ သူ့မှာ သံလိုက်ဓာတ်ပါပါတယ်။ ဒါကြောင့် iPhone 5 နောက်ကျောမှ တပ်ထားရင် အလိုလိုတွယ်ကပ်နေမှာ ဖြစ်ပါတယ်။ ကာလ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၅၀ ဝန်းကျင် ရှိပြီး CES မှ ပြသလျက် ရှိတဲ့ ပစ္စည်းတစ်ခုဖြစ်ကြောင်း သိရပါတယ်။

techblog
Aung Kham (Stuff Myanmar)
Ref & Credit to Staff Myanmar Magazine
www.myanmarmobileapp.com/2013/06/24/ကီးဘုတ်-တစ်ဖြစ်လဲ-iphone-5-ကာဗာ/

0 comments:

Post a Comment

ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်

အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...