TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



Ubuntu OS ပေါ်တွင် Nero CD Burner ကို ထည့်သွင်းခြင်း

Ubuntu OS အသုံးပြုသူများ အနေနဲ့ Windows Operating System မှာလိုပဲ CD, DVD တွေကို Burning ပြုလုပ်ချင်တယ်ဆိုရင် Nero CD Burner ကို ထည့်သွင်းပြီး ပြုလုပ်နိုင် မှာ ဖြစ်ပါတယ်။ 
Nero CD, DVD Burner ကိုတော့ လူအတော်များများ သိပြီးသား ဖြစ်မှာပါ။ Ubuntu OS  ပေါ်မှာ Nero CD Burner ကို ထည့်သွင်း အသုံးပြုဖို့ဆိုရင် သင့်ရဲ့ OS ဟာ Package တွေ Update နဲ့ Upgrade များ ပြုလုပ်ထားဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။ သင်အသုံးပြုတဲ့ Ubuntu OS အတွင်းက Pakage တွေကို Update နဲ့ Upgrade မပြုလုပ် ရသေးဘူး ဆိုရင်တော့ Terminal ထဲ ကနေ Package တွေကို Update ပြုလုပ်ဖို့အတွက် sudo apt-get update ဆိုတဲ့ Command ကို အသုံးပြုပြီး Upgrade ပြုလုပ်ဖို့ အတွက် ကတော့ sudo apt-get upgrade ဆိုတဲ့ Command ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Package တွေကို Update နဲ့ Upgrade တွေ ပြုလုပ်ပြီးသွားပြီ ဆိုရင်တော့ Nero CD Burner Application ကို Ubuntu OS ပေါ်မှာ ထည့်သွင်းဖို့ အတွက် အောက်မှာ ဖော်ပြထားတဲ့ Command များအတိုင်း Terminal မှာ ရိုက်ထည့်ပြီး ထည့်သွင်း အသုံးပြုနိုင် မှာမှာ ဖြစ်ပါတယ်။
အသုံးပြုရမယ့် Command တွေကတော့
wget- O nero- 32bit.deb
sudo dpkg-i nero-32 bit.deb
sudo rm nero-32 bit.deb
ဆိုတဲ့ command ဖြစ်ပါတယ်။
ဒါကတော့ 32 bit version အတွက် Command ဖြစ်ပြီး၊ 64 bit version အတွက် command ကတော့
wget -O nero-64 bit.deb
sudo dpkg -i nero-64 bit.deb
sudo rm nero-64 bit.deb
ဖြစ်ပါတယ်။
ဒီအဆင့်တွေ ပြီးဆုံးသွားပြီ ဆိုရင်တော့ Ubuntu OS ပေါ်မှာ Nero CD Burner ကို ထည့်သွင်း အသုံးပြုပြီး ဖြစ်ပါတယ်။ Nero CD Burner ကတော့ Windows ပေါ်မှာ အသုံးပြု သလိုပဲ အသုံးပြုရမယ့် Application တစ်ခု ဖြစ်ပါတယ်။
သီဟ
Internet Journal
http://myawady.com.mm/tech/localtechnews/item/17804-2013-06-27-09-32-14

0 comments:

Post a Comment

ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်

အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...