Showing posts with label ubuntu. Show all posts
Showing posts with label ubuntu. Show all posts
Ubuntu စပြီးအသုံးပြုမည့်သူများအတွက် Installation

Ubuntu စပြီးအသုံးပြုမည့်သူများအတွ
>>>>>>>>>>>>>><<<<<<<<<<<<
1. Ubuntu Software Centre ကနေ Install လုပ်တာကတော့ လွယ်ပါတယ်.. ဆော့ဝဲ နာမည်ရိုက်ထည့်ပြီး install လုပ်လိုက်ရုံပါပဲ
2.deb installation
=============
.deb extension နဲ့ Debian Package တွေကို Install လုပ်မယ်ဆိုရင်တော့ Terminal
ကိုသုံးပြီး Install လုပ်နိုင်သလို Ubuntu Software Center ကို သုံးပြီးလည်း Install
လုပ်နိုင်ပါတယ် ။
Terminal နဲ့လုပ်မယ်ဆိုရင်
$ cd/download
$cd ဆိုတာ ကိုယ့် file ထားထားတဲ့ directory ကို သွားတာပါ ။ အခုကတော့ download ဆိုတဲ့Folder ကို သွားထားပါတယ် ။ home ဆိုရင်လည်း cd/home ပေါ့... ပြီးရင်
$ sudo dpkg -i package.deb ရိုက်လိုက်ပါ..
Ubuntu Software Center နဲ့ Install လုပ်မယ်ဆိုရင်တော့ Internet ရှိဖို့
လိုပါတယ် .deb package ကို ကလစ် ၂ ချက်နှိပ်လိုက်ရုံပါပဲ ။
့
3.tar.gz Installation
==============
tar.gz installing ကတော့ offline Installation ဖြစ်ပါတယ်..
tar.gz file တစ်ခုခုကို Download လုပ်ထားပြီးပြီဆိုပါစို့
အပေါ်ကပုံမှာ ဇော်ဂျီဖောင့် ကို Install လုပ်ပြထားပါတယ်..။
IT Group
Ubuntu OS ပေါ်တွင် Nero CD Burner ကို ထည့်သွင်းခြင်း
Ubuntu OS အသုံးပြုသူများ အနေနဲ့
Windows Operating System မှာလိုပဲ CD, DVD တွေကို Burning
ပြုလုပ်ချင်တယ်ဆိုရင် Nero CD Burner ကို ထည့်သွင်းပြီး ပြုလုပ်နိုင် မှာ
ဖြစ်ပါတယ်။
Nero CD, DVD Burner ကိုတော့
လူအတော်များများ သိပြီးသား ဖြစ်မှာပါ။ Ubuntu OS ပေါ်မှာ Nero CD Burner
ကို ထည့်သွင်း အသုံးပြုဖို့ဆိုရင် သင့်ရဲ့ OS ဟာ Package တွေ Update နဲ့
Upgrade များ ပြုလုပ်ထားဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။ သင်အသုံးပြုတဲ့
Ubuntu OS အတွင်းက Pakage တွေကို Update နဲ့ Upgrade မပြုလုပ် ရသေးဘူး
ဆိုရင်တော့ Terminal ထဲ ကနေ Package တွေကို Update ပြုလုပ်ဖို့အတွက် sudo
apt-get update ဆိုတဲ့ Command ကို အသုံးပြုပြီး Upgrade ပြုလုပ်ဖို့ အတွက်
ကတော့ sudo apt-get upgrade ဆိုတဲ့ Command ကို အသုံးပြုနိုင်မှာ
ဖြစ်ပါတယ်။ Package တွေကို Update နဲ့ Upgrade တွေ ပြုလုပ်ပြီးသွားပြီ
ဆိုရင်တော့ Nero CD Burner Application ကို Ubuntu OS ပေါ်မှာ ထည့်သွင်းဖို့
အတွက် အောက်မှာ ဖော်ပြထားတဲ့ Command များအတိုင်း Terminal မှာ
ရိုက်ထည့်ပြီး ထည့်သွင်း အသုံးပြုနိုင် မှာမှာ ဖြစ်ပါတယ်။
အသုံးပြုရမယ့် Command တွေကတော့
wget- O nero- 32bit.deb
sudo dpkg-i nero-32 bit.deb
sudo rm nero-32 bit.deb
ဆိုတဲ့ command ဖြစ်ပါတယ်။
ဒါကတော့ 32 bit version အတွက် Command ဖြစ်ပြီး၊ 64 bit version အတွက် command ကတော့
wget -O nero-64 bit.deb
sudo dpkg -i nero-64 bit.deb
sudo rm nero-64 bit.deb
ဖြစ်ပါတယ်။
ဒီအဆင့်တွေ ပြီးဆုံးသွားပြီ ဆိုရင်တော့
Ubuntu OS ပေါ်မှာ Nero CD Burner ကို ထည့်သွင်း အသုံးပြုပြီး ဖြစ်ပါတယ်။
Nero CD Burner ကတော့ Windows ပေါ်မှာ အသုံးပြု သလိုပဲ အသုံးပြုရမယ့်
Application တစ်ခု ဖြစ်ပါတယ်။
သီဟ
Internet Journal
http://myawady.com.mm/tech/localtechnews/item/17804-2013-06-27-09-32-14





