ဖုန်းနှင့် တက်ဘလက်များအတွက် Ubuntu Touch OS ကို အခမဲ့ ထည့်သွင်း အသုံးပြုနိုင်ပြီ Operating Systems, Phone, နည်းပညာ, ဗဟုသုတ No comments ဆန်းသစ်သော အသွင်အပြင်၊ အသုံးပြုရ လွယ်ကူလျင်မြန်မှု၊ သာလွန်သော ပေါင်းစပ်မှုများဖြင့် ထွက်ရှိလာခဲ့သော Ubuntu Touch OS ကို android ဖုန်းနှင့် တက်ဘလက်များတွင် အခမဲ့ ထည့်သွင်းအသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ တရားဝင် Beta Version မှာ အောက်တိုဘာလတွင် ထွက်ရှိမည်ဖြစ်သော်လည်း သုံးစွဲသူများနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိနေစေရန်အတွက် စမ်းသပ်သုံးစွဲလိုသူများအား https://wiki.ubuntu.com/TouchDevices တွင် download လုပ်၍ သုံးနိုင်ရန် စီစဉ်ပေးထားပြီဖြစ်သည်။ Ubuntu ၏ မူအတိုင်း developer များမှ လိုအပ်သလို ပြောင်းလဲ ပြုပြင်နိုင်ရန်အတွက် developer preview ကိုပါ https://wiki.ubuntu.com/Touch/Install တွင် တင်ပေးထားပြီး အပတ်စဉ် update များ ရရှိမည်ဖြစ်သည်။ Ubuntu OS သုံးဖုန်း၊ တက်ဘလက်နှင့် ကွန်ပျူတာများသည် တစ်ပေါင်းတစ်စည်းတည်း အသုံးပြုနိုင်သောကြောင့် ဖုန်း၊ တက်ဘလက်အတွင်းရှိ data များကို ကွန်ပျူတာဖြင့် အလွယ်တကူ ပေါင်းစပ်လုပ်ငန်းများ ပိုမိုမြန်ဆန်ရန် လုပ်ကိုင်နိုင်သည်။ ထို့ကြောင့် မော်နီတာ၊ ကီးဘုတ်နှင့် ချိတ်ဆက်လိုက်သည့် Ubuntu OS သုံးဖုန်း၊ တက်ဘလက်များမှာ PC တစ်လုံးကဲ့သို့ပင် အသုံးပြုနိုင်တော့မည် ဖြစ်သည်။ အဆိုပါ Ubuntu မိုဘိုင်း OS ကို မြန်မာဘာသာဖြင့် အသုံးပြုရန် ပြောင်းလဲနိုင်ပြီး မြန်မာ developer များထဲမှ apps ရေးသားလိုသူများကိုလည်း ကူညီပေးမည်ဟု သိရသည်။ Ubuntu OS အတွက် apps များကို QML, JavaScript စသော Programming Language များဖြင့် အလွယ်တကူ ရေးသားနိုင်သည့်အပြင် android နှင့် iOS များကဲ့သို့ ကန့်သတ်ချက်များ မရှိဘဲ လွတ်လပ်စွာ ရေးသားနိုင်သည်။ လာမည့် ၂၀၁၄ ခုနှစ်တွင် Ubuntu ဖုန်းများကို စတင်ဝယ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး Ubuntu မိုဘိုင်း OS ကို ကြိုတင်ထည့်သွင်း အသုံးပြုလိုပါကလည်း Android ဖုန်းများတွင် ထည့်သွင်းနိုင်ပြီ ဖြစ်သည်။ Ubuntu Tablet and Mobile Operating System နှင့် ပတ်သက်၍ သိရှိလိုသည်များနှင့် အခက်အခဲများ ရှိပါက Ubuntu Myanmar LoCo Team, အမှတ် ၁၂၊ ပထမထပ်၊ အောင်တော်မူလမ်း၊ မြေနီကုန်းသို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပြီး နည်းပညာပိုင်းနှင့် ပတ်သက်၍ သိရှိလိုသည်များ ရှိပါက Ubuntu ကုမ္ပဏီ email- gomobile@ubuntu.com သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။ ref: လင်းထွန်း Related Posts:Huawei ဖုန်းတွေ ကောင်းမကောင်း စစ်မယ် ဒီအကြောင်းကို သိပြီးသားသူတွေလဲရှိပါလိမ့်မယ် ။ ဒါကြောင့် သိတဲ့သူတွေကတော့ ကျော်သွားပါလို့ပဲ မေတ္တာရပ်ခံပါတယ်ခင်ဗျ ။ မသိသေးတဲ့ ကျွန်တော့ ဘော်ဘော်တွေ… Read MoreSmart Phone ရဲ့  Camera ကို အသုံးချနည်းများ သင့် Smart Phone ရဲ့  Camera ဟာ Photo,Video တွေ ရိုက်ဖို့ အတွက်သာအသုံးဝင်တာမဟုတ်ပါဘူး။ဈေးသက်သာတဲ့ ပစ္စည်းတွေကို ရှာဝယ်ဖို့ ၊ ဘာသာပြန်ဖို့ ၊ Sc… Read MorePhone ၀ယ်ဖို့ ရွေးချယ်ရခက်နေရင် Geekaphone မှာရွေးချယ်ပါ Phone ၀ယ်ဖို့ ရွေးချယ်ရခက်နေရင် Phone တွေ ရဲ့ Specification တွေကို Side-By-Side နှိုင်းယှဉ်ပြီး ရွေးချယ်မှသာအဆင်ပြေစေနိုင်ပါတယ်။ဒီလို နှိုင်… Read Moreဖုန်းမက်ဆေ့ခ်ျ ပေးပို့ရုံဖြင့် တိုင်းနှင့် ပြည်နယ်အလိုက် ငွေပေးပို့နိုင်သည့် ဝန်ဆောင်မှု နိုဝင်ဘာတွင် စတင်မည် ဘဏ်ဖြင့် ချိတ်ဆက်ရန် မလိုအပ်ဘဲ ဖုန်းမက်ဆေ့ခ်ျ ပေးပို့ရုံဖြင့် တိုင်းနှင့်ပြည်နယ်အလိုက် ငွေပေးပို့နိုင်သည့် ဝန်ဆောင်မှု နိုဝင်ဘာလအတွင်း စတင်မည်ဖြ… Read Moreအကောင်းဆုံးသင်ကြားပေးမည့် Mobile Software Service Training Course iOS & Android စနစ် ဖုန်း/Tablet များ၏ system ပိုင်းဆိုင်ရာများကို ကိုယ်တိုင်ပြုပြင်ထိန်းသိမ်းခြင်းပြုလုပ်လိုသူများ ၊ ဖုန်းဆော့ဝဲဆားဗစ်သမားအဖြ… Read More
0 comments:
Post a Comment
ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်