TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

Custom Recovery အ​ကြောင်းနှင့်​ ဘာ​ကြောင့်​ အသုံးပြုသင့်​သလဲ

Image result for Custom Recovery

Custom Android ROM ကိုသင့်ဖုန်းမှာအင်စတောလုပ်ချင်သလား? တစ်နည်းအားဖြင့် Custom Android ROM များဟာCyanogenModလို Third-Party Android Operating System များ ဖြစ်ပါတယ်။ ဒီလို Custom Android ROM များကိုအင်စတောလုပ်ရင် Custom Recovery ကိုပါ အင်စတောလုပ်ခိုင်းပါလိမ့်မယ်။
Android Device အားလုံးမှာ Recovery Software ကိုထည့်သွင်းပေးထားပါတယ်။ အဲဒီ Recovery Software ဟာ Device ကို Factory Default Settings ကို Restore လုပ်ဖို့၊ Operating System ကို Update လုပ်ဖို့နဲ့ အခြားအလုပ်များ ပြုလုပ်နိုင်ပါတယ်။
Android Stock Recovery
----------------------------
Android Device များမှာ Stock Recovery လို့ ခေါ်တဲ့ Google ရဲ့ Recovery Software ပါရှိပါတယ်။ Recovery Software ကိုအသုံးပြုဖို့ စမတ်ဖုန်း၊ တက်ဘလက်များအတွက် သီးခြားခလုတ်များကိုအင်တာနက်မှာရှာဖွေပြီး နှိပ်ရမှာ ဖြစ်ပါတယ်။ နောက်တစ်နည်းကကွန်ပြူတာနဲ့ ဖုန်းကိုချိတ်ဆက်ပြီး ADB Command ကိုအသုံးပြုခြင်းဖြင့် Recovery Software ကိုသုံးနိုင်ပါတယ်။ Recovery Mode ထဲရောက်သွားရင် Menu ကနေသင့်ဖုန်းကို Factory Default အခြေအနေကို ပြန်လည်ရရှိအောင်ပြုလုပ်နိုင်သလိုဖုန်းထုတ်လုပ်သူက ဖြန့်ချီပေးတဲ့ Android OS Update များကိုရရှိနိုင်ပါတယ်။ ROM အသစ်ကို Flash လုပ်ချင်ရင် ဒါမှမဟုတ် ထုတ်လုပ်သူရဲ့ နဂို ROM ကို ပြန်လည် Flash လုပ်ချင်ရင်လည်း Recovery Mode ထဲက ပြုလုပ်နိုင်ပါတယ်။
Stock Recovery မှာကန့်သတ်ချက်တွေ ရှိနေပါတယ်။ Stock Recovery များဟာယေဘုယျအားဖြင့် ဖုန်းထုတ်လုပ်သူက ဖြန့်ချီပေးတဲ့ ROM များနဲ့ Updates များကိုသာရယူနိုင်တာပါ။ အခြား ROM များကိုတော့ အင်စတောမလုပ်ပေးနိုင်ပါဘူး။
Custom Recovery
----------------------
Custom Recovery ဆိုတာ Third-Party Recovery Software တစ်ခု ဖြစ်ပါတယ်။ Custom Recovery ကိုသင့်ဖုန်းမှာ Flash လုပ်ရင် နဂိုပါတဲ့ Stock Recovery နေရာမှာအစားထိုးအလုပ်လုပ်မှာပါ။ ဒါဟာဘာနဲ့ တူသလဲဆိုရင် CyanogenModလို Custom ROM ကို Flash လုပ်သလိုပါပဲ။ ဒါပေမယ့် Android Operating System တစ်ခုလုံးကိုပြောင်းလဲတာမဟုတ်ဘဲ Recovery Software ကိုသာပြောင်းလဲတာပါ။
Custom Recovery ဟာ Stock Recovery လိုပဲအလုပ်လုပ်မှာပါ။ ဒါပေမယ့် Custom Recovery မှာစွမ်းဆောင်ချက်များပိုမိုပါရှိပါတယ်။ သူ့မှာဖုန်းကို Backup , Restore လုပ်နိုင်တဲ့ စွမ်းရည်ပါရှိပါတယ်။ နောက်ပြီး Custom ROM များကိုအင်စတောလုပ်ပေးနိုင်ပါတယ်။ ClockworkMod က Recovery Mode ထဲဝင်စရာမလိုဘဲ လက်ရှိသုံးနေတဲ့ Android System ကနေအဲဒီစွမ်းဆောင်ချက်တွေကိုသုံးနိုင်တဲ့ ROM Manager App ကိုတီထွင်ပေးထားပါတယ်။ အဲဒီ App ကိုသုံးဖို့ Custom Recovery ကိုအင်စတောလုပ်ထားရမှာပါ။
နာမည်ကြီး Custom Recovery များ
--------------------------------------
ClockworkMod Recovery (CWM) ဟာNANDroid Backups များကို Create, Restore လုပ်နိုင်ပါတယ်။ NANDroid Backups ဟာ Android Device ရဲ့ File System တစ်ခုလုံးကို Backup လုပ်တာပါ။ NANDroid Backup ပြုလုပ်နည်းကိုအရင်ဆောင်းပါးတစ်ပုဒ်မှာရေးပေးခဲ့ပြီးပါပြီ။ ClockworkMod က ClockworkMod Recovery ကနေ Custom ROM များကိုအင်စတောလုပ်နိုင်ဖို့ File Browser ပါရှိတဲ့ ROM Manager App ကို ပြုလုပ်ပေးထားပါတယ်။ App ကနေ Backup များကိုစီမံခန့်ခွဲနိုင်ပြီး Restore လုပ်နိုင်ပါတယ်။ သူ့မှာ Custom ROM များကိုစမ်းသပ်ချင်သူများအတွက် အသုံးဝင်တဲ့ အဆင့်မြင့် စွမ်းဆောင်ချက်များလည်းပါရှိပါတယ်။
Team Win Recovery Project (TWRP) က ထိတွေ့ အသုံးပြုနိုင်တဲ့ Recovery Software ဖြစ်ပါတယ်။ Volume နဲ့ Power ခလုတ်များကိုအသုံးပြုရတဲ့ Stock Recovery အပါအ၀င် အခြား Recovery Software များနဲ့ မတူတဲ့ အချက်က TWRP ဟာ On-Screen Button များကိုထိတွေ့ အသုံးပြုရတဲ့ User Interface ကိုအသုံးပြုထားတာပါ။ TWRP မှာ Themes များကိုတောင် ရွေးချယ်နိုင်ပါတယ်။ CWM လိုပဲ TWRP ဟာ Stock Recovery မလုပ်ပေးနိုင်တဲ့ Custom ROM များကိုအင်စတောလုပ်ဖို့နဲ့ Backup လုပ်နိုင်တဲ့ စွမ်းဆောင်ချက်များပါရှိပါတယ်။
CWM နဲ့ TWRP ကတော့ နာမည်အကြီးဆုံး Custom Recovery နှစ်ခုပါ။ အချို့ Device များအတွက် Custom Recovery များလည်းရှိပါတယ်။
Custom Recovery ကိုဘယ်အချိန်၊ ဘာ့ကြောင့် အင်စတောလုပ်ရသလဲ?
Custom Recovery များဟာလက်ရှိသုံးနေတဲ့ Stock ROM ကို Backup , Restore လုပ်နိုင်ပြီး ROM များကို Flash လုပ်ပေးနိုင်တဲ့အတွက် Custom ROM များကိုအင်စတောလုပ်ရင် အလွန်အသုံးဝင်ပါတယ်။ Custom Recovery ကိုအင်စတောလုပ်ဖို့ သင့် ဖုန်းရဲ့ Bootloaderကို Unlock လုပ်ရမှာပါ။
Android မှာ Device တစ်ခုလုံးကို Backup လုပ်နိုင်တဲ့ စွမ်းဆောင်ချက်ပါရှိပေမယ့် လျှို့ဝှက်ပြီးကွန်ပြူတာကနေ ADB Command ကိုသုံးရတာပါ။ ဒီနည်းကိုသုံးရင် သင့်ဖုန်းရဲ့ Bootloaderကို Unlock လုပ်စရာမလိုသလို Root လုပ်ထားစရာလည်းမလိုပါဘူး။ ဒီနည်းလမ်းကိုအရင်တုန်းကဆောင်းပါးတစ်ပုဒ်မှာရေးပေးခဲ့ပြီးပါပြီ။
Custom ROM များကိုစမ်းသပ် အသုံးပြုချင်ရင် ဒါမှမဟုတ် Android System တစ်ခုလုံးကို Backup လုပ်ချင်ရင် Custom Recovery ကိုအင်စတောလုပ်ပါ။ Custom ROM များကိုအင်စတောမလုပ်ခင်မှာလည်း Custom Recovery ကိုအရင် အင်စတောလုပ်ရလေ့ ရှိပါတယ်။ ဒါပေမယ့်လည်း Custom Recovery ကိုအမြဲတမ်းသီးခြားအင်စတောလုပ်ဖို့ မလိုပါဘူး။ ဥပမာအားဖြင့် CyanogenMod Installer App ကနေCyanogenModကိုအင်စတောလုပ်ရင် ClockworkMod Recovery ကိုအလိုအလျှောက် အင်စတောလုပ်ပါလိမ့်မယ်။ အခြား Custom ROM များကိုအင်စတောလုပ်ရင်လည်း Custom Recovery ကိုအင်စတောလုပ်ဖို့ လမ်းညွှန်ပေးပါလိမ့်မယ်။ Custom ROM များကိုမသုံးချင်ဘဲ Stock Android System ကိုသုံးချင်သူများအတွက် စွမ်းဆောင်ရည်မြင့် Backup Feature ကိုသာသုံးချင်ရင်လည်း Custom Recovery ကိုအင်စတောလုပ်နိုင်ပါတယ်။
ယေဘုယျအားဖြင့် Custom Recovery များဟာ Custom ROM များကိုအင်စတောလုပ်မှသာလိုအပ်ပါတယ်။ Android အသုံးပြုသူအများစုက Stock Recovery နဲ့ Custom Recovery ရဲ့ ကွာခြားချက်ကိုမသိကြတဲ့အတွက် ရေးသားပေးလိုက်ပါတယ်။
Credit-Digital Life Journal

LL/A မှ LL/A ဖြစ်နေတဲ့ bro/sis တို့အတွက်ဗဟုသုတလေး


ဒီနေ့ကျွန်တော်ပြောပြချင်တာကတော့ LL/A မှ LL/A ဖြစ်နေတဲ့ bro/sis တို့အတွက်ဗဟုသုတလေးဖြစ်ပါတယ် :D စာရှည်သွားပေမယ့် ပြီးအောင်ဖတ်စေချင်ပါတယ် ..
Page မှာတစ်ခါတင်ဖူးပါတယ် .. iPhone ဟာထုတ်လုပ်မယ့် Hardware အစိတ်အပိုင်းကို တစ်ကမ္ဘာလုံးကနေမှာယူပြီး တရုတ်နိုင်ငံမှာရှိတဲ့ Foxconn စက်ရုံနဲ့ Pegatron စက်ရုံတွေမှာတပ်ဆင်တယ် ..
တပ်ဆင်ပြီး Packing ထုတ် .. တစ်ကမ္ဘာလုံးကိုတင်ပို့ရောင်းချတယ် .. US ကိုပို့ရင် LL/A အလုံး .. Singapore/Hong Kong/Macao ကိုပို့ရင် ZP/A အလုံး .. Japan ကိုပို့ရင် J/A အလုံးဆိုပြီး Regional code တွေခွဲပြီးပို့ပါတယ် ..
ဘာလို့ Regional code တွေကွဲသွားရတာလဲ? ရှင်းရှင်းလေးပါ .. :D
ဥပမာ - ဂျပန်တို့ကိုးရီးယားတို့မှာ ဓာတ်ပုံခိုးရိုက်ကြတဲ့အတွက် Japan အလုံး Korea အလုံးတို့မှာ Camera ရိုက်ရင်ပဲဖြစ်ဖြစ် Screenshot ရိုက်ရင်ပဲဖြစ်ဖြစ် Mute လုပ်လို့မရပါဘူး .. ထို့နည်းတူပဲ US မှာပလပ်က 2-pin တွေသုံးကြတဲ့အတွက် LL/A အလုံးမှာ Adapter 2 pin ... Singapore မှာ 3-pin တွေသုံးကြတဲ့အတွက် ZP/A အလုံးမှာ 3-pin adapter တွေနဲ့ထုတ်ပိုးပေးထားပါတယ် ..
Quality ပိုင်းအရပြန်ကြည့်မယ်ဆိုရင် ဘာမှကွာခြားသွားတာမဟုတ်ပါဘူး .. Apple ရဲ့ Quality Control ကတစ်ကမ္ဘာလုံးတန်းတူပါပဲ .. တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူညီမှုတွေကို flexible ဖြစ်အောင် ထုတ်လုပ်ပေးထားတာပဲဖြစ်ပါတယ် ...
ဒုတိယအချက်အနေနဲ့ LL/A ရဲ့ အားနည်းချက်တွေပြောပြပေးပါမယ် .. Apple ရဲ့ Official Warranty အရ .. Warranty ရှိနေစဉ်ကာလအတွင်း User ကြောင့်မဟုတ်ပဲ ဖုန်းတစ်ခုခုဖြစ်သွားရင် ဖုန်းအသစ်တစ်လုံး လဲပေးပါတယ် .. User fault ကြောင့်ဆိုရင်လည်း သူ့ဆီပို့ပြီး Repair လုပ်လို့ရပါတယ် .. သူ့ဆီပြန်ပို့ရင် Warranty မပျက်ပါဘူး .. ကိုယ့်ဟာကိုယ် ပြင်မယ်ဆို စက်ဖွင့်ရတဲ့အတွက် Warranty ပျက်ပါတယ် .. User fault အလုံးတွေပြင်မယ်ဆိုရင်တော့ ကျသင့်ငွေကိုတော့ပေးရမှာပါ .. အဲ့ဒီမှာ မိတ်ဆွေက LL/A ဝယ်ထားရင် LL/A က US အလုံးဖြစ်တဲ့အတွက် US ကိုပြန်ပို့ရင် အချိန်အရမ်းကြာနိုင်ပါတယ် ..
တတိယအချက်အနေနဲ့ US အလုံးတွေဝယ်မယ်ဆို Official Unlock ဖြစ်/မဖြစ် သေချာစုံစမ်းပြီးမှဝယ်သင့်ပါတယ် .. တစ်ချို့တွေက Temporary Lock ဖြေပြီး Official unlock ဆိုပြီးပြောရောင်းကြပါတယ် .. (မြန်မာနိုင်ငံက ဆိုင်တော်တော်များများ :D) Sim card ထည့်သုံးနေတာ အဆင်ပြေနေပြီး Restore တို့ Reset တို့လုပ်လိုက်တဲ့အချိန် Locked အလုံးဖြစ်သွားတတ်ပါတယ် .. Official unlock ပြန်လုပ်ရင် $200 ထိကျသင့်နိုင်ပါတယ် .. ဒါပေမယ့် အလုံးတိုင်းရမယ်လို့အာမ မခံနိုင်ပါဘူး .. Operator တွေက Official Unlocked မဟုတ်တဲ့အလုံးတွေကို US မှာ Activate မလုပ်တဲ့အခါ Blacklist သွင်းပစ်ပါတယ် .. အဲ့အခါ ဖုန်းက unlock လုံးဝလုပ်မရတာဖြစ်တတ်ပါတယ် ... (ခုပဲကြုံနေရတာလေးပါ 😢)
နောက်ဆုံးတစ်ချက်ကတော့ iPhone 7 & 7+ သမားတွေပါ .. 7 & 7+ မှာ Modem ကို Intel & Qualcomm ဆိုပြီး Model နှစ်မျိုးနဲ့ထုတ်လုပ်ထားပါတယ် .. Qualcomm က Intel ထက် Ultra HD Voice/Cellular Performance တွေမှာ ပိုမိုသာလွန်တာကိုတွေ့ရပါတယ် ... LL/A အလုံးအများစုက Intel Modem ဖြစ်နေတာကိုတွေ့ရမှာပါ ... ဒါကြောင့် LL/A မှ LL/A ဖြစ်နေတဲ့မိတ်ဆွေများ ဂျီးမများပါနဲ့လို့ .. အခန့်မသင့်ရင် ခံရနိုင်ပါတယ် .. အားလုံးပဲကျေးဇူးတင်ပါတယ် ခင်ဗျာ
#ph0b14 (iOS Banker Myanmar)

Qualcomm CPU သုံးဖုန်းတွေမှာ HS-USB Diagnostics 900E ဖြစ်သွားရခြင်း

ဗဟုသုတ တစ်ခုအနေနဲ့Qualcomm CPU သုံးဖုန်းတွေမှာ HS-USB Diagnostics 900E ဖြစ်သွားရခြင်း
ကျွန်တော်သိသလောက်တော့ ပြစ်ချက် ၂ခုကြောင့်ဖြစ်နိုင်ပါသည်။
1.Unlock Bootloader မပြုလုပ်ဘဲနဲ့ Qloader 9008 အားကိုးနဲ့
Fastboot Firmware ထဲမှ Secure Boot နေရာတွင် Unsecure Boot
အစားထိုးခြင်း၊
Recovery နေရာတွင် Custom Recovery အစားထိုးပြီး Flash ခြင်းကြောင့်
ဖြစ်တတ်ပါသည်။ထို့သို့ Flash လိုက်ရင် Flash ပြုလုပ်ပေးမည်ဖြစ်သော်လည်း ဖုန်းသည် HS-USB Diagnostics 900E Mode သို့တန်းတန်းမတ်မတ်ရောက်သွားပါလိမ့်မည်။ကြောက်စရာမလိုပါ။နည်းမျိုးစုံသုံးပြီး Qloader 9008 Mode ပြန်သွင်းပြီး မူရင်း Boot & Recovery ပြန် Flash ပေးလိုက်ပါ အိုကေသွားပါမည်။
2.GPT Partiton မှား Flash မိသောကြောင့် HS-USB Diagnostics 900E ဖြစ်သွားရခြင်း တို့ဖြစ်ပါသည်။
အဓိကကတော့ Mi Cloud ရှင်းတဲ့ဖိုင်အားကိုးနဲ့ Model မတူပဲရမယ်ဆိုပြီး
Flash တာ GPT Partition ပါမှားသွားသောကြောင့် HS-USB Diagnostics 900E ဖြစ်သွားရခြင်း ဖြစ်ပါသည်။ဒါကြောင့်ဖြစ်ခဲ့ရင်တော့ ဘယ်နည်းနဲ့မှ
ကြိုးစားပြီး Qloder 9008 Mode သွင်းဖို့မကြိုးစားပါနဲ့တော့ မရတော့လို့ပါ။
EMMC လေးဖြုတ် အဆင်ပြေတဲ့ EMMC Box တစ်ခုနဲ့ Format ရိုက်
ပြီးရင် EMMC ပြန်တပ်၊ ပြန်တပ်ပြီးမှ Mi Flasher နဲ့ပြန်ရေးပါတော့
refer Mobile Software Advance

HDD (Harddisk Drive) & SSD ( Solid State Drive) တို့ရဲ့ အားနည်းချက် ၊ အားသာချက်

SSD နဲ့ HDD ဘယ်လိုကွာလည်း
HDD လို့ခေါ်တဲ့ ကျွန်တော်တို့သုံးနေကြ သာမန် Harddisk တွေဟာ သံလိုက်ပြားတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒီသံလိုက်ပြားတွေပေါ်မှာ ဒေတာတွေကို အကန့်တွေခွဲပြီး သိမ်းဆည်းထားပါတယ်။ ဒေတာတွေကို ကွန်ပျူတာကနားလည်တဲ့ စနစ်ဖြစ်တဲ့ 0 နဲ့ 1 ဆိုတဲ့ Binary စနစ်နဲ့ သိမ်းပါတယ်။ 1 ဖြစ်စေချင်တဲ့အပိုင်းကို သံလိုက်ဓာတ်ဝင်စေပြီး 0 ဖြစ်စေချင်တဲ့အပိုင်းကို သံလိုက်ဓာတ်မရှိအောင် လုပ်ပစ်ပါတယ်။
မောင်းတံတစ်ခုပါပြီး ဒီမောင်းတံက သံလိုက်ပြားတွေကို လည်ပတ်စေပြီး ခုနသိမ်းဆည်းထားတဲ့ ဒေတာတွေကို မောင်းတံနဲ့ ခြစ်ပြီး ဒေတာတွေ သိမ်းဆည်းတာ ဖတ်ရှုတာ လုပ်ပါတယ်။
HDD ဝယ်တဲ့အချိန်မှာ 5400 RPM ၊ 7200RPM စသဖြင့် ရေးထားတာဟာ ဒီသံလိုက်ပြားတွေရဲ့ လည်ပတ်နှုန်းဖြစ်ပါတယ်။ လည်ပတ်နှုန်းမြန်လေ သိမ်းဆည်းတာ ဖတ်ရှုတာတွေ ပိုမြန်လေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကာလကြာရှည်လာတာနဲ့အမျှ ဒီသံလိုက်ပြားတွေ ယိုယွင်းလာသလို မောင်းတံဟာလည်း ယိုယွင်းလာပါတယ်။ HDD တစ်လုံးပျက်ကာနီးရင် စပြတဲ့ လက္ခဏာက စက်ဖွင့်ထားရင် တစ်ဂျစ်ဂျစ်နဲ့ အသံကြားလာရတာပါပဲ။ ဒါဟာ မောင်းတံပျက်စီးစပြုလာတာကို ပြပါတယ်။
HDD တွေကို ကျွန်တော့်အတွေ့အကြုံအရဆိုရင်တော့ ပျမ်းမျှ နှစ်နှစ်ထက်ပို မသုံးသင့်ပါဘူး။ နှစ်နှစ်ကျော်လောက်ဆိုရင် သာမန် HDD တစ်လုံးဟာ စဖောက်လာပါပြီ။ တစ်ချို့ HDD တွေ ၆လ တစ်နှစ်နဲ့ ပျက်သွားတာတွေလည်း ရှိပါတယ်။ ပြီးတော့ HDD တစ်လုံးဟာ ဘယ်လောက်ပဲ RPM မြင့်ပါစေ mechanical လို့ခေါ်တဲ့ ရုပ်ပစ္စည်းနဲ့သာ လုပ်ထားတာဖြစ်လို့ ဒီ ပစ္စည်းရဲ့ သတ်မှတ်လည်ပတ်နှုန်းကို မကျော်နိုင်ပါဘူး။ ဒီတော့ read/write speed ကလည်း အကန့်အသတ်တွေ ရှိနေပါတယ်။
တစ်ဘက်မှာ SSD အကြောင်း ဆက်ကြည့်ကြမယ်ဆိုရင် SSD (Solid State Drive) မှာ ခုနက HDD လို သံလိုက်ပြားတွေ မပါဘူး မောင်းတံတွေမပါပါဘူး။ ဒီတော့ ပထမဆုံးအချက်အနေနဲ့ ပျက်စီးနိုင်တဲ့ mechanical အစိတ်အပိုင်းတွေ နည်းသွားပါတယ်။ ဒုတိယအနေနဲ့က SSD ပေါ်မှာ ဒေတာတွေ သိမ်းဆည်းရာမှာ သံလိုက်ပြားပေါ်မှာ မဟုတ်ပဲ chip တွေပေါ်မှာ Electronic Signal အနေနဲ့ သိမ်းဆည်းပါတယ်။
ဟာ ဒါဆို RAM တွေလိုပဲပေါ့။ တစ်ဝက်တော့ မှန်ပါတယ်။
RAM တွေမှာက Volatile Memory လို့ခေါ်တဲ့ ပါဝါပိတ်လိုက်ရင် ပျောက်သွားတဲ့ memory chip တွေ ကို သုံးပါတယ်။ SSD မှာကြတော့ Non-Volatile Memory လို့ခေါ်တဲ့ ပါဝါပိတ်လိုက်လည်း ဆက်လက်သိမ်းဆည်းထားပေးတဲ့ memory chip တွေကို သုံးပါတယ်။
ဒီလို electronic signal အနေနဲ့ သိမ်းဆည်းတဲ့အတွက် read/write လုပ်ရာမှာ အရမ်းမြန်သွားပါတယ်။ HDD မှာ ဒေတာကို ဖတ်ဖို့ သံလိုက်ပြားပေါ်က ဒေတာသိမ်းဆည်းထားတဲ့နေရာကို သံလိုက်ပြားတွေကို လည်ပတ်စေပြီး မောင်းတံက ဒီသံလိုက်ပြားပေါ် ရွေ့လျား သွားဖတ်နေရပေမယ့် SSD မှာကတော့ ဒက်ကနဲ electronic signal လွှတ်လိုက်ပြီး ဖတ်နိုင်ပါတယ်။
ဒီနေ့ခေတ် SSD ရဲ့ speed ကို ကန့်သတ်ထားတဲ့ အရာကတော့ interface လို့ခေါ်တဲ့ ချိတ်ဆက်မှု စနစ်ပါ။ SSD အများစုဟာ SATA 3 interface နဲ့ပဲ motherboard ပေါ်ကို ချိတ်ဆက်ထားပါတယ်။ SATA 3 ရဲ့ သီအိုရီအရ အမြန်ဆုံး speed ဟာ 6.0Gbps ပါ။ Megabyte နဲ့ဆိုရင် တစ်စက္ကန့်ကို 750 မီဂါဘိုက်ပါ။ ဒါပေမယ့် တကယ်တမ်း read/write test လုပ်ရင် အဲဒီလောက် မထွက်ပါဘူး။
ဒီတော့ သာမန် SSD တွေထက်မြန်တဲ့ PCIe SSD ဆိုတာတွေ ထပ်ထွက်လာပါတယ်။ ဒီမှာကြတော့ Sata3 interface နဲ့ မချိတ်ဆက်တော့ပဲ Motherboard ရဲ့ PCI-e interface နဲ့ တိုက်ရိုက် ချိတ်ဆက်တဲ့အတွက် SATA3 ထက် အများကြီး မြန်သွားပါတယ်။ ဒါပေမယ့် ဈေးကတော့ ကြီးမြင့်နေတုန်းပါ။
HDD ထက်လည်း အများကြီး မြန်တယ်။ ပျက်စီးစရာ စက်အစိတ်အပိုင်းလည်း မပါဘူး။ ဒါဖြင့် SSD တွေကိုပဲ ယုံမှတ်လိုက်ကြတော့မလား။ ရာနှုန်းပြည့်တော့ ဘယ်ဟာကိုမှ စိတ်ချလို့မရပါဘူး။
HDD မှာ ဒေတာတွေကို ဖျက်လိုက်ရင် တကယ်တမ်းက ဒေတာကို ဖျက်လိုက်တာ မဟုတ်ပါဘူး။ ဒီဒေတာကို ရှာဖွေနိုင်တဲ့ Pointer ကို ကို ဖျက်လိုက်တာပါ။ ဥပမာ ကျွန်တော်က ကျွန်တော့အိမ်လိပ်စာမှာ မြို့နယ်နဲ့ရပ်ကွက်ကို ဖျက်ပစ်လိုက်သလိုပေါ့။ ကျွန်တော်ကတော့ ဒီအိမ်မှာ ရှိနေတာပဲ။ ဒါပေမယ့် ရှာမယ့်သူက မြို့နယ်မသိတော့ ရှာမတွေ့တော့သလိုပေါ့။ ဒီဒေတာအကန့်အပေါ်ကို ဒေတာအသစ်တွေ ထပ်မရေးသေးသရွေ့ ဖျက်လိုက်တဲ့ဖိုင်တွေဟာ ပြန်ရှာလို့ရပါသေးတယ် (အချို့ဖုန်းဆိုင် ကွန်ပျူတာဆိုင်တွေဟာ ဖောက်သည်တွေရဲ့ ပစ္စည်းတွေကို အဲလိုပြန်ရှာပြီး သူတစ်ပါးရဲ့ ကိုယ်ရေးကိုယ်တာဓာတ်ပုံနဲ့ ဒေတာတွေကို အင်တာနက်ပေါ်တင်ကြတယ်လို့ ကြားဖူးပါတယ်။ အပြင်းအထန်ရှုံ့ချပါတယ်)။
SSD မှာကြတော့ Read/Write Cycle ဆိုတာ ရှိပါတယ်။ ဒေတာတစ်ခုကို SSD ပေါ်မှာ ဖျက်လိုက်တဲ့အခါ ဒီဒေတာနေရာယူထားတဲ့ cell တစ်ခုလုံးကို SSD က ဖျက်ပစ်ရပါတယ်။ ဒါမှ နောက်ထပ်နေရာယူလို့ရမှာ မို့လို့ပါ။ SSD ပေါ်မှာ ဖျက်လိုက်တဲ့ ဒေတာကို HDD လို အလွယ်တကူပြန်ယူလို့မရတော့ပါဘူး။
ဒေတာတစ်ခုရှိတယ်၊ SSD ပေါ်ကနေဖျက်လိုက်တယ်၊ ဒေတာနေရာယူထားခဲ့တဲ့အကန့်တစ်ခုလုံးကို ဖျက်ပစ်ရတယ်။ ဒီအကန့်ကို ဒေတာအသစ်နေရာယူဖို့ ပြန်တည်ဆောက်တယ်။ ဒါက SSD ရဲ့ Read/Write Cycle လို့ ခေါ်ပါတယ်။
ဒီလို read/write cycle က SSD ရဲ့ သတ်မှတ်ထားတဲ့ အရေအတွက်ကို ရောက်တဲ့အခါ ဒီ SSD ရဲ့ သက်တမ်းကုန်ဆုံးသွားပါပြီ။
ဒီ Read/Write Cycle ကို အဲလောက်တော့ ကြောက်စရာမလိုပါဘူး။ အများအားဖြင့် SSD တစ်လုံးဟာ အနည်းဆုံး ၅နှစ်သက်တမ်း ပျမ်းမျှရှိကြပါတယ်။ ၁လထဲနဲ့ ပျက်သွားတဲ့ SSD ကိုလည်း တွေ့ဖူးပါတယ် (ဒါတော့ ရှားရှားပါးပါး factory fault ပါ)။
အားသာချက် အားနည်းချက်တွေကို ယှဉ်ကြည့်ပြီးရင်တော့ SSD ဟာ အဘက်ဘက်မှာသာပါတယ်။ အမြန်နှုန်းဘက်ကကြည့်မလား၊ ရေရှည်ခံမှုဘက်က ကြည့်မလား၊ စိတ်ချရမှုဘက်ကကြည့်မလား။ အစစ သာပါတယ်။ ဈေးနှုန်းပိုကြီးပေမယ့် တစ်ဖြည်းဖြည်းနဲ့ အကျဘက်ကို ဦးတည်လာပြီမို့ နောက်ကို 1TB SSD ကို ဒီနေ့ခေတ် HDD ဈေးလောက်နဲ့ ရရှိလာမယ်လို့ မျှော်လင့်ပါတယ်။
Credit. Second Laptop
Share copy- @Than Zaw Oo

#Xender ပြောင်းသုံးကြပါ Zapya virus အကြောင်းပြောပြမယ်



-
ဒီကောင်က အကျိုးပြုသလိုလိုနဲ့ နောက်ကွယ်မှာ လုပ်စားနေတဲ့အကောင်လို့ပြောရင်မှန်တယ်
သူ့ကိုတင်ပြီးတာနဲ့ Run တွေကိုအရင်စားတယ်
😂😂😂
အင်တာနတ်ဖွင့်နေချိန်မှာ နောက်ကွယ်ကနေ run ပေးနေပြီး
အမည်မသိ app တွေ .c file တွေ auto ဒေါင်းနေလိမ့်မယ်
(ဘားမှမသုံးရပဲ ဘေလ်ကုန်သွားတာပေါ့)
Rom တွေကို ဖြုန်းတီးပြစ်တယ်
ဒါ့ကြောင့် စက်က လေးသွားလိမ့်မယ်
နောက်ပြီး virus app တွေ ဒေါင်းပြီး install တင်လိမ့်မယ်
Unknow Sources ကိုကျော်သွားပြီဆိုရင်တော့
ခင်ဗျားဖုန်းကို link တွေ စတက်ပါပြီ
ရလဒ်က အင်တာနတ်ဖွင့်တာနဲ့ file တွေ ဒေါင်းနေပါလိမ့်မယ်
ဘေလ်တွေ စွန့်စားနေပါလိမ့်မယ်
Browser ဖွင့်တိုင်း app တွေ Security apk လိုမျိုးဟာတွေ ဒေါင်းဖို့ တက်လာပါလိမ့်မယ်
Phone အားတွေစားနေပါလိမ့်မယ်
နောက်ကွယ်ကနေ rom ကိုစားပြစ်နေတဲ့အတွက် ဖုန်းက တဖြေးဖြေးလေးလာပါလိမ့်မယ်
App က သုံးနေရင် ပြန်ပြန်ထွက်သွားပါလိမ့်မယ်
Zapya file share လုပ်နေရင်း တစ်ဖက်ဖုန်းမှ
Virus တွေ သယ်ဆောင်လာပါလိမ့်မယ်
File ထဲမှာ ရှိတဲ့ virus တွေ ဆွဲထုတ်လာပါလိမ့်မယ်
နောက်ဆုံး ဖုန်းက ပါဝါကျလိုက်တက်လိုက်ဖြစ်ပြီး
လဲရတဲ့ အဆင့်အထိ ဖြစ်သွားပါလိမ့်မယ်
Zapya ထဲ virus တွေ သွင်းထုတ်လုပ်နေတာ ၂၀၀၃ခုနှစ်ကတည်းကပါ
လုံခြုံရေး အားနည်းတာကတဆင့် ချိုးဖောက်ဝင်ယောက်လာတာပါ
ဒီလောက်ဆို သူ့ရဲ့ ကောင်းကျိုးလေးကို သိပြီးလောက်ရောပေါ့ 😂😂😂
Xender ပြောင်းသုံးပါဗျာ
Credit

MTK Flashtool တွင်ပါဝင်သောဖိုင်များ

Boot.img
- kernels နှင့် ramdisk ဖိုင်တွေကို boot img မှာတွေ့နိုင်မယ်။၎င်း kernel နှင့် ramdisk ဖိုင်တွေက ကျနော်တို့ရဲ့ဖုန်း boot တက်ရန်အတွက်လိုအပ်မယ်။ဒီ kernel နဲ့ ramdisk တွေပေါ်မှုတည်ပြီး root လုပ်လို့မရချင်း ၊ ရချင်းတွေဖြစ်ပေါ်ရတယ်။ Model မတူတဲ့ အခြား ဖုန်းမှ boot img ကိုမှားရွင်းပြီးရိုက်ခဲ့မယ်ဆိုရင် စက်ဟာ ပုံမှန်အတိုင်း တက်ပေးနိုင်မှာမဟုတ်ဘူး။
Cache img
-cache ဆိုတဲ့စကားရပ်အတိုင်း သူကတော့ ဖိုင်တွေ ယာယီ သိမ်းစည်းပေးတဲ့နေရာတခုပါ။ ဖုန်းအသုံးပြုသူတွေရဲ့ ကြိမ်ဖန်များစွာအသုံးပြုနေတဲ့ဖိုင်တွေရဲ့ data အခြို့ကို cache partitions မှာမှတ်တယ်။ဖိုင်အဖွင့်အပိတ်တွေမှာကြာမနေစေရန်အတွက်အသုံပြုတယ်။ကွန်ပျူတာမှာဆို %temp% လိုနေရာပါ။ Firmware တင်ရာမှာ အမှန်ခြစ်ဖြုတ်ထားခဲ့လဲရတယ်။သိပ်တော့အရေးမပါလှဘူး။
EBR1 And EBR2
-Extended Boot Record လို့အရှည်ခေါ်တယ်။EBR ဖိုင်တွေက ဖုန်းရဲ့ Partitions တွေကိုသက်မှတ်ပေးတယ်။
ယခုဖိုင်တွေက ပြင်ဆင်ခွင့်ရှိတယ်။User ရဲ့ Data Storage 1GB or 512MB စတာတွေက ယခုဖိုင်အတွင်းမှာသက်မှတ်ထားတယ်
MBR
-Master Boot Record လို့အရှည်ခေါ်တယ်။ဒီဖိုင်တွေကတော့ စက်ထဲမှာအမှန်တကယ်ရှိနေရမယ့် Partitions တွေကိုသက်မှတ်ပေးထားတယ်။MBR ဖိုင်ကိုပြင်ဆင်ခွင့်မရှိဘူး။
Scatter file
-Flashtool firmware ထဲမှာပါနေတဲ့ IMG တခုခြင်းစီဟာ eMMC ရဲ့ Address ဘယ်လောက်ကနေ ဘယ်လောက်အထိဘယ်ဖိုင်အတွက်ဆိုပြီးနေရာခြပေးတယ်။
Secro
- Secro ဖိုင်ထဲမှာတော့ baseband နှင့်ပက်သက်တဲ့ဖိုင်တွေနဲ့ imei အတွက်ဖိုင်တွေပါဝင်မယ်။
IMEI Invalid နဲ့ Null ဖြစ်ခြင်းတွေမဖြစ်ပေါ်စေရန် ယခုဖိုင်တွေကိုဖြုတ်ထားပြီးရေးသင့်တယ်။ IMEI Invalid error ဖြစ်နေတဲ့အလုံးတွေဆိုရင်တော့ ယခုဖိုင်တွေကထည့်ရေးပေးရမယ်။
by Ye Lin Aung

Android System မှာ Font တွေဘယ်လိုအလုပ်လုပ်သလဲ...


Android မှာ Font File ( .ttf ) တွေကို system/fonts အောက်မှာထည့်ထားပါတယ်။ ဒါပေမယ့် system/fonts အောက်ကို font file သွားထည့်လိုက်ရုံနဲ့တော့ ၎င်း font ကိုမြင်ရမှာမဟုတ်ပါဘူး။ Android မှာ စာဖိုင်တွေကိုတွေ့ပြီးဆိုတာနဲ့ ပထမဆုံး system/etc ထဲမှာရှိတဲ့ system_fonts.xml ဆိုတဲ့ဖိုင်ထဲမှာ မှတ်တမ်းတင်ထားတဲ့ စာရင်းမှာပါမပါ စစ်ဆေးပါတယ်။ ၎င်း system_fonts.xml ထဲမှာမှတ်တမ်းတင်ထားတဲ့စာရင်းထဲပါရင် ၎င်း Font Style အတိုင်းပြပေးမှာဖြစ်ပါတယ်။ တကယ်လို့ system_fonts.xml စာရင်းထဲမှာမပါတဲ့ Font အမျိုးအစားဆိုရင်တော့ system/etc ထဲက fallback_fonts.xml ဆိုတဲ့ XML File ထဲက Font List မှာ ပါ မပါ ထပ်ပြီးတော့စစ်ဆေးပါတယ်။ အဲဒီလိုစစ်ဆေးတဲ့အခါမှာလည်း အပေါ်ကနေ အောက်ဘက် အထိ အစဉ်အတိုင်းစစ်ဆေးပါတယ်။ ၎င်းစာလုံးတွေကို ပြပေးနိုင်မယ် Font တွေ့ပြီဆိုတာနဲ့အဲ့ဒီ Font Style ကိုသုံးပြီးပြပေးပါတယ်။ ဒါက Android System မှာ Font တွေအလုပ်လုပ်ပုံကို အကြမ်းဖျင်းရှင်းပြတာဖြစ်ပါတယ်။
ဒါဆိုရင် မြန်မာဖောင့်မြင်ရဖို့အတွက် ဘယ်လိုလုပ်မလဲ။
Android ကိုမြန်မာစာသွင်းတဲ့ အခါမှာ Method နှစ်မျိုးကို အသုံးများပါတယ်။

Replacing Method

ဒီနည်းက ခုနပြောတဲ့ system_fonts.xml စာရင်းထဲမှာပါတဲ့ system font တစ်ခုခုနဲ့နာမည်တူ Change ပေးလိုက်တာဖြစ်ပါတယ်။ ဒါကို Replacing Method လို့ခေါ်ပါတယ်။ system fonts ကိုနာမည်တူ Change ပေးရမယ်ဆိုတော့ ကျွန်တော်တို့သွင်းမယ့် Font File ကို ၎င်း System Font နဲ့နာမည်တူ ပြောင်းပေးရမှာပေါ့။ပြီးတော့မှာ ခုနက Font တွေထားတဲ့နေရာဖြစ်တဲ့ system/fonts အောက်ကို သွားပြီးထားပေးရမှာပါ။ အရင်ရှိပြီးသား System Font နဲ့ Repalce လုပ်ပေးရမှာပေါ့။

XML Method

ဒီ ဒုတိယနည်းကတော့ fallback_fonts.xml ကိုပြင်တာပါ။ဖုန်းတစ်လုံးနဲ့တစ်လုံး falllback_fonts.xml မှာပါတဲ့ Font တွေက အတိအကျမတူပါဘူး။ ကျွန်တော်ကတော့ ၎င်း fallback_fonts.xml ကို ADB Command သုံးပြီး PC ထဲဆွဲထုတ်၊ XML File ကို Notepad++ နဲ့ပြင်၊ပြီးတော့မှာ system/etc အောက်ကမူလ fallback_fonts.xml နေရာမှာပြန်အစားထိုးလိုက်တာပါ။တကယ်လို့စာဖတ်သူက fallback_fonts.xml ကိုဆွဲထုတ်ပြီးမပြင်ချင်ဘူးဆိုရင် ၎င်း fallback_fonts.xml ထဲက Font Family ထဲကို Font အသစ်ထည့်လို့ရပါသေးတယ်။ ဒါကတော့ /vendor/etc/ ထဲမှာ fallback_fonts.xml ဖိုင်တစ်ခုထည့်ပေးရမှာပါ။ ဒါပေမယ့် ဒီ fallback_fonts.xml ထဲက စာရင်းထဲမှာတော့ စာဖတ်သူထည့်မယ့် Font Family တစ်ခုပါရင် ရပါပြီ။ဒါပေမယ့် ၎င်း Font ကို system/etc/ ထဲက fallback_fonts.xml ထဲမှာဘယ်နှစ်ခုမြောက်မှာထည့်ချင်လည်းဆိုတဲ့ Order ကိုတော့သတ်မှတ်ပေးရပါတယ်။ XML တွေအားလုံးပြင်ပြီးမှ system/fonts ထဲမှာ စာဖတ်သူထည့်မယ့် Font အသစ်ကိုထည့်ပေးရမှာပါ။ နာမည်ပြောင်းစရာမလိုတော့ပါဘူး။

***************************************************************
ဒီ Post မှာ အမှားအယွင်းတစ်စုံတစ်ရာပါပါက စာရေးသူရဲ့ လေ့လာမှုအားနည်းချက်ကြောင့်ဖြစ်ပါလိမ့်မယ်။ Font သွင်းနည်းအသေးစိတ်နဲ့ XML File ပြင်နည်းကို စာရေးသူရဲ့ Android System စာအုပ်ထဲမှာ စာနဲ့အပြင် Video သင်ခန်းစာအနေနဲ့ပါရှင်းပြထားပါသေးတယ်။

အားလုံးအဆင်ပြေပါစေ။

credit: စည်သူပိုင်

Admin Sai

Samsung ဖုန်းများ Root ဖောက်ပြီး Touch Error ဖြစ်ခဲ့လျှင်

ဒီနေ့ဆိုင်မှာ G920F Samsung S6 တလုံးရောက်လာတော့ မူလ Error က

Kernel မှားပီး စက်က မတက်တော့တာ။ အဲတာနဲ့ Firmware ရေးလိုက်တယ်

စက်ကပုံမှန်ပြန်တက်လာတယ်။ အဲတာနဲ့ရပီပေါ့ စမ်းကြည့်တော့ အကုန်အဆ

င်ပြေတယ်။ အဲတာနဲ့ ပေးပြီးမှ Customer က မြန်မာစာထည့်အုံးမယ်ဆိုတော့

Root ဖောက်ပေးလိုက်တယ်။ Root ဖောက်ပေးပြီး ပြန်တက်လာရော 

Touch က ဘယ်ဘက်နှိပ်ရင် ညာဘက်ဝင်တယ် ညာဘက်နှိပ်ရင် ဘယ်ဘက်

ဝင်တယ်။အော် ဒါ Kernel မှာတခုခုပြသနာတက်လို့နေမှာပါဆိုပြီး Official 

Firmware ပြန်သွင်းပေးလိုက်တယ်။ Firmware ရေးပြီးပြန်တက်လာတော့လဲ

ဒီတိုင်းပဲ။ Touch ကလစ်မြဲလစ်နေတာဆိုတော့ နဲနဲတော့ ချွေးပြန်သွားတယ်။

သူ့လက်ထဲမှာတောင် စမ်းပြီးအကောင်း Root ဖောက်ပြီးမှ ဖြစ်တာကိုးးးး

Firmware ရေးတာတောင် ပြန်မကောင်းဘူးဆိုတော့ ရော်ရတော့မလိုလို

နောက်ဆုံးကျမှ Secret Code တခုရှာတွေ့ပီးစမ်းလိုက်တာအဆင်ပြေသွားတယ်။

အခုလို Touch ကြောင်တာက အရင် J7 / A5 တွေမှာလဲကြုံဘူးတယ်။

Customer တွေပြောရင်လဲ Root Apk သုံးပြီးဖြစ်တာလို့ပြေတယ်။

ကိုကလဲ Firmware ပြန်ရေပီးတောင် မကောင်းရင်တော့ Hardware လို့ပဲ

ထင်ခဲ့တယ်။ တကယ်တော့ အဲလို Root ပြီးမှဖြစ်ရင်

ဖုန်းမှာ

*#2663# ကိုခေါ် တက်လာတဲက Screen မှာ TSP FW update ကိုတချက်

နှိပ်ပေးလိုက်ပါ။ ပြီးရင်တော့ Touch ပြန်မှန်သွားပါလိမ့်မယ်။

ကြုံလာခဲ့ရင် ကျနော့လိုချွေးမပြန်တော့အောင်ပါ 

အရင်ကတော့ Customer တောင်ငေါက်မိသေးတယ် Firmware ရေးပီးရင်

ဒါ Software ပိုင်းကမှန်သွားပီ အကို့ဟာ Hardware နေမှာဘာညာပေါ့

Credit - Ye Lin Aung

GOOGLE တွင် မည်ကဲ့သို့ ရှာမည်နည်း

ကမ္ဘာလုံးကနေ www.google.com လို့ရိုက်ပြီးသွားလိုက်ပါ အပေါ်ပါပုံလိုပေါ်လာပါလိမ့်မယ်
Google မှာ ရှာဖွေမယ်ဆိုရင် English စာလည်း သေသေချာချာ မကျွမ်းကျင်ဘူးဆိုရင်တော့ ရိုးရိုး simple idea လေးနဲ့ ပဲစဉ်းစားရအောင်။ ကျွန်တော်တို့ တစ်ခုခုကို download ချချင်နေပြီပေါ့။ CCleaner ကို download ချချင်ပြီဆိုရင် Ccleaner download ဖြစ်ဖြစ်... download Ccleaner ဖြစ်ဖြစ် Google မှာထည့်ပြီးရှာလိုက်ရုံပါပဲ။ Ubuntu ကို လိုချင်လည်း အဲလိုပါပဲ။ Ubuntu download ဖြစ်ဖြစ် download Ubuntu ဖြစ်ဖြစ်ပေါ့။ နောက်ပြီး Ubuntu အတွက် Game ရှာချင်တယ်။ ဒါဆို ရိုးရိုး simple လေးနဲ့ စဉ်းစားကြည့်ရအောင်။ Game ဘာအတွက်လဲ။ Ubuntu အတွက်။ ဒါဆို Game for Ubuntu ပေါ့။ Ubuntu အတွက်ပိုသေချာစေချင်တယ်။ ဒါဆိုရင် Ubuntu ကို " နဲ့ " ကြားမှာထည့်ရေးလိုက်ပေါ့။ ဒါဆို Game for "Ubuntu" ဆိုပြီး ဖြစ်သွားပါမယ်။ ဒါဆိုရင်တော့ Ubuntu ပါတဲ့စာလုံးလေးတွေကိုပဲ ရှာပါတော့မယ်။ ဟုတ်ပြီ။ နောက်တဆင့် ထပ်စဉ်းစားရအောင်။ Antivirus လိုချင်တယ်။ Ubuntu အတွက်။ ဒါဆိုရင် Antivirus for "Ubuntu" နဲ့ရှာလို့ရတယ်။ စိတ်က သိပ်မကျေနပ်ဘူးဆိုရင် ထပ်ကွန့်ပြီး စဉ်းစားရအောင်။ Ubuntu က open source ဒါမှမဟုတ် free ဟာတွေပဲ ရှိတယ်မဟုတ်လား။ ဒါဆိုရင် ကျွန်တော်တို့တွေ Free Antivirus for "Ubuntu" ဆိုပြီး ရှာလည်း ဖြစ်ပါတယ်။

ဖုန်းရေထဲ ကျသွားရင် ဘယ်လိုလုပ်မလဲ....? (သင်္ကြန်နားနီးလို့)


ဖုန်းရေထဲ ကျသွားရင်ဘာတွေလုပ်မလဲ ?

ဖုန်းတစ်လုံး ရေထဲ ကျရင် ပျက်တာ များပါတယ်။

 အချို့ ကျတော့လည်း ဆိုင်ပြန်မပို့ရပဲ

အလိုလို ပြန်ကောင်းသွားတယ်ဆိုပါတယ်။

  သို့ပေမယ့် မိမိ သုံးနေတဲ့ ဖုန်းတစ်လုံးသာ

  အကြောင်းအမျိုးမျိုးကြောင့် ရေထဲ ကျသွားရင် ဘာလုပ်ရမလဲ

ဆိုတာ သိထားဖို့လိုအပ်ပါတယ်။

... အိမ်မှာနေရင်း ဖုန်းက ရေထဲ ကျသွားတယ်ဆိုပါစို့။

ပေါက်ပေါက် ရှာရှာ အိမ်သာခွက်ထဲ ကျတဲ့

သူတွေတောင် ကြံဖူးပါတယ်။


ပါဝင်မဖွင့်ရ

အဲ့ဒီအချိန်မှာ လုံးဝ မလုပ်ရမယ့်

အလုပ်က ပါဝါ ဖွင့်ခြင်း ဖြစ်ပါတယ်။

ဖုန်းရေထဲ ကျသွားပြီ ဆိုရင် ရေဘယ်လောက်ပဲနှစ်နှစ်၊

ဘယ်လောက်ပဲ တိမ်တိမ်၊ နည်းနည်းပဲ စိမ်စိမ်၊

 များများပဲ စိုစို ပါဝါ လုံးဝ မဖွင့်မိဖို့ အရေးကြီးပါတယ်။


ဖြုတ်နိုင်သမျှဖြုတ်

ဖုန်းရဲ့  ဘက်ထရီကို ဖြုတ်လိုက်ဖို့ ဖြစ်ပါတယ်။

အချို့ ကျတော့လည်း ဘက်ထရီနဲ့

ဖုန်းက တစ်ဆက်တည်းလို့ ဆိုပါတယ်။

ဒီတော့လည်း မဖြုတ်ယုံပဲ ရှိပါတယ်။

အများစုကတော့ ဘက်ထရီက သက်သက် ဖြစ်ပါ တယ်။

 ဘက်ထရီတင်မကပဲ SIM ကဒ်ကိုလည်း ဖြုတ်ရ ပါမယ်။

ဒါမှ SIM ကဒ်မှာ မှတ်ထားတဲ့ Contact များ

မပျောက်ဆုံးမှာ ဖြစ်ပါတယ်။ Micro SD ကဒ်လည်း

ထိုနည်းတူစွာပဲ ဖြစ်ပါတယ်။ ဖြုတ်လို့ရတာ

 မှန်သမျှ အကုန် ဖြုတ်ပေးရပါမယ်။


ရေငွေ့မြန်မြန်ပြန်

ရေငွေ့မြန်မြန်ပြန်မယ့် နည်းက

နေပူအောက်ထားခြင်း လုံးဝ မဟုတ်ပါဘူး။

ဒါက ဖုန်းကို လုံး ထိခိုက်စေပါတယ်။နေရဲ့  အပူဒဏ်ကို

 ဖုန်းမှာ ပါဝင်တဲ့ သတ္တုများက မခံနိုင်ပါဘူး

ပိုလို့တောင် ပျက်ဆီးစေပါတယ်။

ဒါကြောင့် ရေငွေ့အစုပ်မြန်တဲ့

နေရာတစ်ခုခုမှာ ထားရပါမယ်။

  အနီးစပ်ဆုံး ဥပမာ ကတော့ ဆန်အိုးပဲ ဖြစ်ပါတယ်။

 ဆန်အိုးထဲနှစ်ထည့်ထားလိုက် ရင် ရေငွေ့ကို

 အမြန်ဆုံး စုပ်ပေးပါတယ်။

သို့ပေမယ့် ဆန်စေ့များ မဝင်စေဖို့လည်း သတိထား
ရပြန်ပါတယ်။ ဒီမှာ လေမှုတ်စက်လည်း

လုံးဝ အသုံးမပြုရပါဘူး။ လေမှုတ်စက်က

အပူဒဏ်လည်း နေပူနဲ့ မခြားပါဘူး။

ပန်ကာနဲ့တော့ ရပါမယ်။ ဘက်ထရီကိုလည်း

ထိုနည်းတူစွာ ပါပဲ။ နေပူထဲ လုံးဝ မထုတ်ပဲ

ရေငွေ့စင်အောင်ကြိုးစားရပါမယ်။

  ဥပမာ- အဝတ်ခြောက်၊ လက်ကိုင်ပုဝါ ခြောက်နဲ့

ထိုင်သုပ် ပေးတာမျိုးတို့ ဖြစ်ပါ တယ်။

ရေငွေ့ပြန်အောင် လုပ်တဲ့အဆင့်က

အနည်းဆုံး ၂ နာရီလောက်တော့ ကြာပါတယ်။

  ရေဝင်တဲ့ အတိုင်းအတာအလိုက်၊

 ရေငွေ့ပြန်နိုင် တဲ့ နှုန်းထားအလိုက်

 အချို့ ဆို ၂၄ နာရီကြာမှ ပြန်ဖွင့် ပါတယ်။

ဒီတော့ မိမိဖုန်း ရေငွေ့ကုန်စင်မှု ရှိမရှိက

 မိမိရဲ့  ဆုံးဖြတ်ချက်အပေါ် မူတည်ပါတယ်။

အထက်ပါ ပြီးလို့ ဖုန်းရဲ့  ပါဝါကို

  ပြန်ဖွင့်ကြည့်တဲ့အခါ ပုံမှန်အတိုင်း

အလုပ်ပြန်လုပ်တယ်ဆိုရင်တော့

  ကံကောင်းသွားသူ ဖြစ်ပါတယ်။

 သို့ပေမယ့် ပါဝါ ပွင့်မလာဘူး။

 မီးလင်းလာတော့လည်း Welcome ကနေ တက်မလာဘူး။

စက်က ထစ်နေတယ်ဆိုရင်တော့

 တကယ် စိတ်မကောင်းစရာ ပါပဲ။

 ဒါဆိုရင် နီးစပ်ရာ ဖုန်းပြင်ဆိုင်တွေမှာ

သွားရောက် ပြသနိုင်ပါတယ်။

ဒါဆို အထက်ပါနည်းက

 ဘာထူးလို့လဲလို့ ထင်ကောင်းထင်ပါလိမ့်မယ်။

အများကြီး ထူးပါတယ်။

  ကိုယ့်ဖုန်းကိုရေကုန်အောင် အတတ်နိုင်ဆုံး

 ကြိုးစားထားပြီး ဖြစ်တဲ့အတွက်

 ဆိုင်မှာ ပြင်တဲ့အခါ ပြန်အသက်ရှင်ဖို့

လွယ်ကူပါတယ်။ ရေခြောက်ပြီး

 ပုံမှန်အလုပ်လုပ်တယ် ဆိုရင်တောင်

ဆိုင်ကို တစ်ခေါက်တော့ သွားပြသင့်ပါတယ်။

အချို့ ဆို ရေတစ်ခါ ထိထားတဲ့အတွက်

နောက်မှ touchအလုပ်မလုပ်တော့တာမျိုးတို့

ဖြစ်တတ်လို့ ဖြစ်ပါတယ်။

အထက်ပါ နည်းလမ်းများအတိုင်း

ပြုလုပ်သွားမယ်ဆိုရင် မိမိရဲ့ ရေစိုဖုန်းများ

  မြန်မြန်အသက်ပြန်ရှင်နိုင်ပါတယ်။

သို့တည်းမဟုတ် အပြင်မှာ သွားရင်း လာရင်း ဖြစ်တယ်

 ဆိုရင်လည်း အိမ်မှာ ရှိတဲ့ facility များလို

အနီးစပ်ဆုံးနည်းလမ်းများကို အသုံြး့ပုရမှာ ဖြစ်ပါတယ်။

အချို့ ကျတော့လည်း သွားရင်းလာရင်း ဖြစ်တတ်လို့ ဖြစ်ပါတယ်။

ကိုယ်ဖြစ်တဲ့ နေရာက ဆိုင်နဲ့နီးနေရင်

 ပိုတောင် အဆင်ပြေပါသေးတယ်။

သို့ပေမယ့် ဖုန်းများ ရေထဲ မကျအောင်၊

 ရေမစိုအောင် ထားဖို့ကတော့ စာဖတ်သူတို့ တာဝန်သာဖြစ်ပါတယ်။


''Wi-Fi free''



''Wi-Fi free'' ဆိုတဲ့ စာသားလေး ချိတ်ဆွဲထားတဲ့ ဆိုင်တစ်ဆိုင်မှာ လက်ဖက်ရည် တစ်ခွက်မှာသောက်ပြီး Facebook သုံးနေမိဖူးပါသလား။ Wi-Fi လိုင်းကောင်းတဲ့ဆိုင်ပဲ သွားမယ်လို့ပြောဖူး ကြပါသလား။ ဟုတ်ကဲ့။ ဒါဟာ ဖြစ်နေကျပါပဲ။ ကျွန်တော်လည်း တူတူပါပဲ။ ကောင်းပါပြီ။ နောက်မေးခွန်းတစ်ခု မေးပါ့မယ်။ ဆိုင်က Wi-Fi ကို ချိတ်ပြီးသွားရင် စာဖတ်သူတို့ ဘာတွေများ ပြုလုပ်ခဲ့ကြပါသလဲ။ Facebook သုံးနေခဲ့သလား။ အရေးကြီးတဲ့ အချက်အလက်တွေကိုMessenger ကနေ ပေးပို့ခဲ့သလား။ ဒါမှမဟုတ် ကိုယ့်ရဲ့ Online Bank Account ထဲဝင်ပြီး ငွေလွှဲတာတွေ ပြုလုပ်ခဲ့မိသလား။

ကျွန်တော်တို့နိုင်ငံမှာ ၂၀၁၂ ခုနှစ်လောက်ကစပြီး Wi-Fi free ဆိုတဲ့ စာသားလေးဟာ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေမှာ အလျှိုလျှို ပေါ်ပေါက်လာပါတယ်။ လူအတော်များများကလည်း သယ်ဆောင်ရ လွယ်ကူတဲ့ မိုဘိုင်းဖုန်းတွေ ပိုင်ဆိုင်လာကြတော့ အဲ့ဒီဆိုင်တွေမှာ စားရင်းသောက်ရင်း Wi-Fi သုံးလာကြပါတယ်။ ချိတ်ဆက်ရတာလည်း လွယ်ကူ၊ ကွန်နက်ရှင်ကလည်း ကောင်းလေတော့ လွတ်လွတ်လပ်လပ်ကြီး သုံးကြပါတော့တယ်။ အဲ့ဒီ အချိန်တုန်းကတော့ Public Wi-Fi တွေဟာ ဘာအန္တရာယ်မှ မရှိသေးပါဘူး။ အကြောင်းကတော့ ကျွန်တော်တို့နိုင်ငံမှာ အင်တာနက် အသုံးပြုမှုနှုန်း နည်းပါးနေသေးတာရယ်၊ အွန်လိုင်းစီးပွားရေး လုပ်ငန်းတွေ ခေတ်မစားသေးတာ ရယ်ကြောင့်ပါဘဲ။ Facebook ကို အပျော်သုံးမယ်။ Gtalk နဲ့ chat မယ်။ ဝက်ဘ်ဆိုက်တွေ လျှောက်ကြည့်မယ်။ ဒီလောက်ပဲ အင်တာနက်ကို အသုံးပြုကြပါတယ်။

ဒီဘက်နှစ်တွေမှာတော့ အင်တာနက်ဟာ အပျော်သက်သက်သာ မဟုတ်တော့ဘဲ စီးပွားရေး၊ ပညာရေး၊ မီဒီယာ စတဲ့ ကဏ္ဍများအတွက် အသုံးပြုလာကြပါတယ်။ အွန်လိုင်းဈေးဆိုင်တွေ ထောင်လာကြတယ်။ အွန်လိုင်းငွေပေးချေမှုတွေ ငွေလွှဲမှုတွေ ပြုလုပ်လာကြတယ်။ Facebook ကို တောင်မှ စီးပွားရေးသဘောနဲ့ အသုံးပြုလာကြပါတယ်။ ဒီအချိန်မှာတော့လုံခြုံရေးဟာ အရေးပါလာပါတယ်။ စာဖတ်သူတို့ စဉ်းစားကြည့်ပါ။ အကယ်၍ တစ်ယောက်ယောက်က ကိုယ်အပျော်သုံးတဲ့ Facebook Account ရဲ့ password ကို ရသွားတယ်ဆိုပါစို့။ ဒါဆို ဘာဆက်ဖြစ်မလဲ။ အားလုံးသိတဲ့ အတိုင်းပါပဲ။ သူဟာ ခင်ဗျားရဲ့ အကောင့်ကို ဝင်မွှေမယ်။ message တွေကို ဝင်ကြည့်ပြီး အဖိုးတန်တဲ့ အချက်အလက်တွေ ယူမယ်။ message တွေ ရေးချင်ရာ ရေးပြီးပို့မယ်။ ဒါမှ အားမရသေးရင် ညစ်ညမ်းတဲ့ post တွေ share မယ်။ အကျိုးဆက်ကတော့ သားကောင်ဖြစ်တဲ့ စာဖတ်သူရဲ့ ဂုဏ်သိက္ခာ ကျဆင်းရတာပါပဲ။ ကံမကောင်းရင် account တောင် ပျက်သွားနိုင်ပါတယ်။ ဒါဟာ စီးပွားရေးအနေနဲ့ သုံးတာမဟုတ်ဘဲ အပျော်တမ်းသုံးတဲ့ account ပဲ ရှိပါသေးတယ်။

ထို့ကြောင့် လုံခြုံရေးဟာ တကယ့်ကို အရေးကြီးလှပါတယ်။ လုံခြုံရေးကို အထူးဂရုစိုက်ရမယ့် အချိန်များထဲမှာ Public Wi-Fi သုံးနေချိန်က ထိပ်ဆုံးက ပါပါတယ်။ ကျွန်တော်တို့အနေနဲ့ Wi-Fi Free လို့ တွေ့လိုက်ရင် ဘာမှမစဉ်းစားတော့ဘဲ ချိတ်ဆက်ပြီး ပျော်ပျော်ကြီး သုံးပါတော့တယ်။ အမှန်တော့ Public Wi-Fi တွေဟာ အန္တရာယ်ကြီးတဲ့ နေရာတွေပါပဲ။ တစ်စုံတစ်ယောက်ရဲ့ အချက်အလက်တွေကို ခိုးယူဖို့ အကောင်းဆုံး နေရာလည်း ဖြစ်ပါတယ်။ Public Wi-Fi တွေကို ပေါ့ပေါ့တန်တန် သုံးမိရင်တော့ online bank account တွေ၊ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ၊ စီးပွားရေး အချက်အလက်တွေက ကိုယ့်ကိုတာ့တာ ပြသွားပါလိမ့်မယ်။ စာဖတ်သူတို့ အနေနဲ့ Public Wi-Fi တွေရဲ့ အန္တရာယ်ကို သိရှိပြီး ကြိုတင်ကာကွယ်နိုင်ဖို့အတွက် Digital Trends နဲ့ CNET ဝက်ဘ်ဆိုက်တွေမှာ ရေးသား ထားတာတွေကို ဖော်ပြပေးလိုက်ပါတယ်။

Public Wi-Fi ကနေ အချက်အလက်တွေ ဘယ်လိုခိုးယူနိုင်တာလဲ

Public Wi-Fi network တစ်ခုထဲမှာ ချိတ်ဆက်အသုံးပြုနေတဲ့ user တစ်ယောက်ရဲ့ အချက်အလက်တွေကို ခိုးယူနိုင်တဲ့ နည်းလမ်းတွေက အများကြီးပါပဲ။ အဲ့ဒီအထဲမှာမှ အသုံးများတဲ့ နည်းလမ်းသုံးခုကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Man-in-the-middle attack

ဒီနည်းလမ်းကတော့ သူ့နာမည် အတိုင်းပါပဲ။ Hacker က user နဲ့ server ကြားကနေ အချက်အလက်တွေကို ကြားဖြတ်ဖမ်းယူတာပါ။ ဥပမာ Wi-Fi free ပေးထားတဲ့ ဆိုင်တစ်ဆိုင်မှာ hacker က ဆိုင်ရဲ့ Wi-Fi နာမည်နဲ့ ဆင်တူတဲ့ network တစ်ခုထောင်လိုက်မယ်။ password လည်း အတူတူလုပ်ထားမယ် ဆိုပါတော့။ ဒါကို ဆိုင်လာတဲ့ လူတစ်ယောက်က ဆိုင်ကပေးထားတဲ့ Wi-Fi အထင်နဲ့ အမှုမဲ့အမှတ်မဲ့ ချိတ်လိုက်မယ်ဆိုရင် hacker က အချက်အလက်တွေ အကုန်ရပါတော့တယ်။ ဒါဟာ အလွန်ရိုးရှင်းတဲ့ နည်းပဲရှိပါသေးတယ်။ ဒီ့ထက် ပိုမြင့်တဲ့ man-in-the-middle attack တွေလည်း ရှိပါသေးတယ်။

(၂) Malware

Malware တွေဟာ ပိုပြီး ကြောက်စရာကောင်းပါတယ်။ အကြောင်းကတော့ user ရဲ့ စက်ထဲက ရှိရှိသမျှ အချက်အလက်တွေကို ခိုးယူနိုင်လို့ပါပဲ။ အခုအချိန်မှာ malware တွေဟာ အတော့်ကို ပေါလာပါပြီ။ Windows, Android, iOS စတဲ့ PC OS ရော Mobile OS များပါမကျန် malware ကူးစက်ခံရနိုင်ခြေရှိပါတယ်။ ကူးစက်ဖို့ဟာလည်း လွယ်ကူပါတယ်။ ဒါ့အပြင် သူတို့တွေဟာ နောက်ကွယ်မှာ တိတ်တဆိတ် လုပ်နေတာကြောင့် ရှိမှန်းတောင် သိလေ့မရှိပါဘူး။

(၃) Wi-Fi Sniffing

တတိယမြောက် နည်းလမ်းကတော့ Wi-Fi Sniffing ပါပဲ။ ဒနည်းလမ်းဟာ network traffic ကို record လုပ်ထားပြီး အချက်အလက်တွေကို ပြန်လည်ဖော်ထုတ် ရယူတဲ့နည်းလမ်းပဲ ဖြစ်ပါတယ်။ hacker က user ရဲ့စက်က ပေးပို့သမျှ ဒေတာတွေကို သိမ်းထားပါတယ်။ ပြီးမှ အဲ့ဒီဒေတာတွေကို analyze လုပ်ပြီး အဖိုးတန် အချက်အလက်တွေကို ရယူပါတော့တယ်။ ဒီနည်းလမ်းဟာလည်း တကယ့်ကို ကြောက်စရာ ကောင်းပါတယ်။

Wi-Fi ကနေ အချက်အလက်တွေ ခိုးယူဖို့ လွယ်လို့လား?

အထက်က နည်းလမ်းတွေနဲ့ Wi-Fi network တစ်ခုကို hack ဖို့ နည်းပညာမြင့်ပစ္စည်းတွေ၊ အဆင့်မြင့် software တွေ လိုမှာပဲလို့ စာဖတ်သူတို့ တွေးမိပါလိမ့်မယ်။ ဟုတ်ကဲ့။ Public Wi-Fi တစ်ခုကို hack ရတာဟာ ထင်သလောက် မခက်ပါဘူး။ လွယ်လွယ် ကူကူ ပြုလုပ်နိုင်ပါတယ်။ Programming အကြောင်း မသိတဲ့သူတွေတောင် ပြုလုပ်တတ်ပါတယ်။

Maryland တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ တစ်ဦးဖြစ်တဲ့ David Maimon က အခုလိုရှင်းပြပါတယ်။ "ခင်ဗျား Wi-Fi sniffing လုပ်ချင်ရင် လွယ်လွယ်လေးပါပဲ။ hack ချင်တဲ့ Public Wi-Fi network ကို ချိတ်ဆက်လိုက်။ ပြီးရင် software လေးတစ်ခုနဲ့ စောင့်ကြည့်နေလိုက်။ ဒီလောက်ပါပဲ။ ကိုယ့်ရဲ့သားကောင် ဘာလုပ်နေလဲဆိုတာကို အလွယ်လေး သိနိုင်ပါတယ်''

Password ခံထားတဲ့ Public Wi-Fi network ကရော လုံခြုံမှုမရှိဘူးလား

တကယ်လို့ စာဖတ်သူရဲ့အိမ်က Wi-Fi ကို password ခံထားမယ်ဆိုရင်တော့ password မသိတဲ့ ပြင်ပက လူတွေက ချိတ်လို့ရမှာ မဟုတ်ပါ ဘူး။ ဒါဆိုရင် အထက်က နည်းလမ်းတွေနဲ့လည်း ဘယ်လိုမှ hack လို့ရမှာ မဟုတ်ပါဘူး။ ဒါဟာအတော့်ကို လုံခြုံပါတယ်။ ဒါဆိုရင် password နဲ့ ကာကွယ်ထားတဲ့ public Wi-Fi network တွေကရော မလုံခြုံဘူးလား။

ဟုတ်ကဲ့။ စာဖတ်သူအနေနဲ့ သိထားရမှာကတော့ Wi-Fi encryption ဟာ password မသိတဲ့ hacker ရဲ့ရန်ကိုပဲ ကာကွယ် ပေးတာပါ။ Password သိပြီး network ထဲမှာ ရှိနေတဲ့ hacker ရဲ့ ရန်ကိုတော့ မကာကွယ်ပေးနိုင်ပါဘူး။ သိတဲ့အတိုင်းပဲ ဆိုင်တွေက Wi-Fi တွေဟာ encrypt လုပ်ထားပေမယ့် ဆိုင်လာတဲ့သူတိုင်း က password ကို သိခွင့်ရပါတယ်။ ဒီလို အခြေအနေမျိုးမှာတော့ password ခံထားတဲ့ encrypted Wi-Fi network ဟာလည်း လုံခြုံမှုမရှိတော့ပါဘူး။

နောက်ဆုံးပေါ် Wi-Fi encryption နည်းပညာဖြစ်တဲ့ WPA2-PSK တောင်မှ အကာအကွယ် မပေးနိုင်ပါဘူး။ အကယ်၍ စာဖတ်သူအနေနဲ့ ဒီလုံခြုံရေး အားနည်းချက်ကို ရှောင်ရှားချင်ရင်တော့ WPA2-Enterprise နည်းပညာကို အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာ လုပ်ငန်း သုံးအတွက်ပဲ ရည်ရွယ်တာဖြစ်ပြီး အသုံးပြုရတာလည်း ရှုပ်ထွေးပါတယ်။ သာမန်သုံးအနေနဲ့ ဆိုင်တွေမှာ အသုံးပြုဖို့ အဆင်မပြေပါဘူး။

Public Wi-Fi သုံးနေစဉ်မှာ hacker တွေရဲ့ အန္တရာယ်ကို ဘယ်လိုကာကွယ်နိုင်မလဲ

(၁) Public Wi-Fi ကို အပျော်တမ်းသာအသုံးပြုပါ။

Public Wi-Fi ကို အသုံးပြု နေချိန်မှာ အရေးကြီးတဲ့ လုပ်ငန်းကိစ္စတွေ မပြုလုပ်ပါနဲ့။ bank account ထဲမဝင်ပါနဲ့။ အွန်လိုင်းငွေးပေးချေမှုတွေ၊ ငွေလွှဲတာတွေ မပြုလုပ်ပါနဲ့။ ဒါ့အပြင် social app တွေ၊ email တွေကနေ အရေးကြီးတဲ့ အချက်အလက်တွေ ပေးပို့ခြင်းမပြုပါနဲ့။ Web browsing နဲ့ video download လုပ်ရန် လောက်သာ Public Wi-Fi ကို အသုံးပြုပါ။

(၂) VPN ကို အသုံးပြုပါ။

Virtual Private Network ဟာ Public Wi-Fi ထဲမှာ လုံခြုံစိတ်ချမှု ရှိစေနိုင်တဲ့ အကောင်းဆုံး နည်းလမ်းပါပဲ။ VPN ဟာ user နဲ့ VPN server ကြားက ဆက်သွယ်မှုတွေကို လုံခြုံအောင် encrypt ပြုလုပ်ပေးတာကြောင့် hacker တွေအနေနဲ့ အချက်အလက်တွေကို အလွယ်တကူ မခိုးယူနိုင်တော့ပါဘူး။ VPN software တွေဟာ အသုံးပြုရတာ လွယ်ကူပါတယ်။ Windows မှာဆိုရင် CyberGhost, Android မှာဆိုရင် OpenVPN Connect, iOS မှာဆိုရင် OpenVPN တို့ဟာ လူသုံးများတဲ့ VPN software တွေပါပဲ။ ဒီ software တွေသုံးပြီး Public Wi-Fi ကို အတော်အတန် လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ပါတယ်။

(၃) Certificate Warning တွေကို သတိပြုပါ။

စာဖတ်သူအနေနဲ့ web browsing လုပ်နေစဉ်မှာ Certificate warning ဆိုပြီး ပေါ်လာတာကို တစ်ခါနှစ်ခါလောက်တော့ ကြုံဖူးမှာပါ။ အဲ့ဒီအခါမှာ အမှုမဲ့အမှတ်မဲ့ နေဖူးမှာပါ။ ဟုတ်ကဲ့။ နောက်ဆို သတိထားပါတော့။ Certificate warning ဟာ စာဖတ်သူ access လုပ်နေတဲ့ website ရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး တစ်ခုခုဖြစ်နေပြီလို့ ညွှန်ပြနေတာပါ။ ဒါဟာ စာဖတ်သူကို man-in-the-middle attack နဲ့ တိုက်ခိုက်နေတာလည်း ဖြစ်နိုင်ပါတယ်။ Facebook, Gmail, Bank ဝက်ဘ်ဆိုက်တွေမှာ အထူးဂရုစိုက်ရပါမယ်။ Certificate warning တွေ့ရင် ဝက်ဘ်ဆိုဒ်ကို ဆက်မကြည့်တော့တာ အကောင်းဆုံးပါပဲ။

(၄) Public Wi-Fi ကို ရွေးချယ်ရာမှာ သတိထားပါ။

တစ်ခါတလေမှာ hacker တွေဟာ ကိုယ်ထိုင်နေတဲ့ ဆိုင်ရဲ့ Wi-Fi အယောင်ဆောင်ထားတဲ့ Wi-Fi တွေ ဖန်တီးထား တတ်ပါတယ်။ အမှုမဲ့အမှတ်မဲ့ ချိတ်ဆက်မိတဲ့သူတွေရဲ့ အချက်အလက်တွေကတော့ hacker ဆီ တန်းတန်းမတ်မတ်ကြီးကို ရောက်တော့တာပါပဲ။

ဒါကြောင့် ဆိုင်ရဲ့ Wi-Fi ကို သေသေချာချာ စုံစမ်းစစ်ဆေးပြီးမှ ချိတ်ဆက်ပါ။ နာမည်တူ Wi-Fi တွေရှိနေလား စစ်ဆေးပါ။ ဘယ် Wi-Fi မဆို စစ်စစ်တုတု အရေးကြီးတဲ့အလုပ်တွေ မပြုလုပ်ပါနဲ့။

(၅) Two Factor Authentication ကို အသုံးပြုပါ။

Two Factor Authentication ဆိုတာ account တစ်ခုကို log in ဝင်ဖို့ password အပြင် အခြား security check ကိုပါ ဖြတ်သန်းရတဲ့ စနစ်ပါပဲ။ ဥပမာ Facebook application မှာ Code Gen-erator ဆိုတာပါပါတယ်။ သူ့ကို activate ပြုလုပ်ထားရင် တခြားစက်ကနေ ကိုယ့် account ထဲဝင်ဖို့ဆိုရင် password သာမက code ပါ ရိုက်ထည့်ရပါတယ်။ ဒါကြောင့် hacker ဟာ password ကို သိသွားသည့်တိုင်အောင် code ကို မသိရင် account ဝင်လို့မရတော့ပါဘူး။ ကိုယ့်ရဲ့ account ကို ပိုလုံခြုံသွားစေပါတယ်။

(၆) Antivirus software များ ဆောင်ထားပါ။

Antivirus software အများစုမှာ အွန်လိုင်းလုံခြုံရေးအတွက် Safe browsing စတဲ့ feature တွေ ပါဝင်ပါတယ်။ အဲ့ဒီ feature တွေဟာ Public Wi-Fi network တွေမှာ လုံခြုံစွာ နေထိုင်နိုင်ဖို့ အကူအညီပေးနိုင်ပါတယ်။ ဒါကြောင့် Antivirus soft-ware တွေဟာ ဆောင်ထားသင့်ပါတယ်။

Ref : http://www.cnet.com/how-…/tips-to-stay-safe-on-public-wi-fi/

http://www.digitaltrends.com/…/how-dangerous-is-public-wi-…/

http://www.howtogeek.com/…/warning-encrypted-wpa2-wi-fi-net…...

http://www.makeuseof.com/…/man-middle-attack-security-jarg…/



Credit - အင်တာနက်ဂျာနယ်
အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...