သင့် android
phone ကနေ windows ကို အင်စတောလုပ်ဖို့ နည်းကို ရေးပေးပါမယ်။ သင့်မှာ
Windows Cd/Dvd အခွေ၊ USB stick တွေမရှိရင် ဒီနည်းကအသုံးဝင်ပါတယ်။Windows
installer
disc ကို သင့် ဖုန်း မှာ ဆောင်သွားသလို ပါပဲ ။အဲဒီလို ဆောင်ထားတဲ့အတွက်
သင့်ဖုန်းကနေပဲ ၀င်းဒိုး အင်စတောလုပ်တာတွေ၊ ၀င်းဒိုးကို repair
လုပ်တာတွေ၊system
restore လုပ်တာတွေ၊၀င်းဒိုးကပြဿနာတွေကို အဖြေရှာတာတွေ၊Boot မတက်တော့တဲ့
ကွန်ပြူတာကဖိုင်တွေကို ပြန်လည်ရှာဖွေ
သိမ်းဆည်း တာတွေ ကို ပြုလုပ်နိုင်ပါတယ်။ဒီလို လုပ်ဖို့ အတွက် DriveDroid
ဆို
တဲ့ android application ကိုသုံးပါမယ်။သင့်ဖုန်းဟာ root လုပ်ထားဖို့ လို
ပါတယ်။နောက်ပြီး DriveDroid က android 2.2 နဲ့ သူ့ အထက်မှာ
ပဲအလုပ်လုပ်ပါတယ်။
သင့်မှာလိုအပ်တာတွေက
DriveDroid (Google Play
Store) (or) DriveDroid 0.7.2
(My Dropbox)
4GB free space on your Android
phone(Rooted)
A Windows 7 installation disk or
ISO (ဒီဆောင်းပါးမှာတော့
သင့်ဖုန်းကနေ Windows 7 ကိုအင်စတောလုပ်နည်းကို ရေးဖို့ အတွက် Windows 7
ကိုသုံးမှာပါ။တစ်ခြား Windows OS တွေကိုလည်းသုံးနိုင်ပါတယ်။)
A PC with Windows 7 and 7-zip installed (Windows Installer
Disc ကို အသုံးပြုမယ့်သူတွေအတွက် 7-zip မလို ပါ။)
Diskpart utility (Windows 7 မှာ
နဂိုပါပြီးသားဖြစ်ပြီး မရှိရင် Download လုပ်ပါ။)Image Creation
သင့်ဖုန်းကို ကွန်ပြူတာနဲ
့ချိတ်ဆက်ပါ။သင့်ဖုန်းက DriveDroid ကို run ပြီး preferences ထဲက USB Mass
Storage(UMS) ဆိုတဲ့ check box မှာအမှန်ခြစ်ပေးပါ။
ပြီးရင် + button ကိုနှိပ်ပြီး
Create blank image ကိုနှိပ်ပါ။Windows 7.img လို့ နာမည်ပေးပြီး 3500 MB လို
့ဆိုက်သတ်မှတ်ပေးပါ။Partition table(MBR) ဆိုတဲ့ check box မှာ
အမှန်ခြစ်ဖြုတ်ပေးပါ။နောက်ပြီး file system ဆိုတဲ့ dropdown arrow ကိုနှိပ်ပြီး
None ရွေးပေးပါ။ပြီးရင် Create image ညာဘက်က အမှန်ခြစ်ပုံကို နှိပ်ပါ။
Partitioning and Formatting
DriveDroid ကနေပြုလုပ်ပြီးတဲ့ blank
image ကို တစ်ချက်နှိပ်ပါ။Option မှာ (read-write) ကိုရွေးပေးပါ။Windows က format
ချဖို့ အသိပေးမှာဖြစ်ပြီး Cancel ကိုနှိပ်ပါ။
ချိတ်ဆက်ထားတဲ့ disk တွေကို တွေ့ ရဖို့  list disk ဆိုတဲ့ command ရိုက်ပေးပါ။
ပြုလုပ်ထားတဲ့ 3500 mb ဆိုက်ရှိတဲ့ Disk 3 ကို တွေ့ မြင်ရပြီး select disk 3 ကို ရိုက်ပါ။
နောက်တစ်ဆင့်မှာ clean လို့ ရိုက်ပါ။
နောက်တစ်ဆင့်မှာ create partition primary လို့ ရိုက်ပါ။
format fs=ntfs quick လို့ ရိုက်ပြီး ntfs file system အနေနဲ့ format ချပါ။
ပြီးရင် active လို့ ရိုက်ပေးပါ။
exit ရိုက်ပြီး command prompt ကိုပိတ်ပါ။
Copying Files
ဒါဆိုရင် ntfs file system format ပြုလုပ်ပြီးတဲ့ disk တစ်ခုရရှိပါပြီ။ဒီဆောင်းပါးမှာတော့ပြုလုပ်ထားတဲ့ disk ဟာ disk G ပါ။
သင့်မှာ windows installer disc
ရှိရင်တော့ အဲဒီ disc ထဲက ဖိုင်တွေကို ပြုလုပ်ထားတဲ့ disk ထဲကို
ကော်ပီကူးထည့်ပါ။ISO ဖိုင်အသုံးပြုသူတွေ အတွက် ISO ဖိုင်ကို right click နှိပ်ပြီး
7-zip>Extract files ကိုနှိပ်ပါ။
ဖိုင်တွေကို extract လုပ်ပြီးရင်တော့ disk ထဲကို ၀င်ကြည့်ရင်အောက်ကပုံမှာလို တွေ့ ရမှာပါ။
ဒါဆိုရင် သင့်ဖုန်း ကနေ windows အင်စတောလုပ်ဖို့ ပြုလုပ်ပြီးပါပြီ။သင်အင်စတောလုပ်ချင်တဲ့ကွန်ပြူတာ က BIOS setting မှာ USB ကနေ boot တက်ဖို့ ရွေးပေးပြီး ၀င်းဒိုးအင်စတောလုပ်လို့ ရပါပြီ။
ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ
http://www.aungkyaw.net/2013/07/windows-android-phone.html
0 comments:
Post a Comment
ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်