TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



Smart Phone ရဲ့  Camera ကို အသုံးချနည်းများ

ashampoo 01
သင့် Smart Phone ရဲ့  Camera ဟာ Photo,Video တွေ ရိုက်ဖို့ အတွက်သာအသုံးဝင်တာမဟုတ်ပါဘူး။ဈေးသက်သာတဲ့ ပစ္စည်းတွေကို ရှာဝယ်ဖို့ ၊ ဘာသာပြန်ဖို့ ၊ Scanner အဖြစ်အသုံးပြုဖို့ စတာတွေကို ပါ ပြုလုပ်နိုင်ပါတယ်။
ကုန်ပစ္စည်းတွေကိုဈေးသက်သာတဲ့ နေရာမှာရွေးချယ်ဝယ်ယူပါ။ 
Store တစ်ခုမှာ ပစ္စည်းတစ်ခုကို ၀ယ်ယူဖို့ ကြည့်ရှုနေတဲ့အခါ အဲဒီ ပစ္စည်း ရဲ့ ဈေးနှုန်းကို Online Store တွေ ကဈေးနှုန်း နဲ့ နှိုင်းယှဉ်ဖို့ အတွက် Application တွေ ရှိပါတယ်။ပစ္စည်းရဲ့  Barcode ကို Application ကနေ Scan လုပ်ပြီး Online Store က ဈေးနှုန်း တွေ နဲ့ နှိုင်းယှဉ်နိုင်ပါတယ်။ Amazon ရဲ့  Price Check က အဲလို လုပ်ပေးနိုင်ပါတယ်။Online မှာဈေးဝယ်ဖို့  Shwemoney Virtual Visa Card ကို သုံးနိုင်ပါတယ်။
ashampoo 02
ဘာသာပြန်ဖို့ သုံးပါ။
နားမလည်တဲ့ဘာသာစကားတစ်ခုကို ဘာသာပြန်ဖို့ အတွက်လည်းသင့် Camera ကို သုံးနိုင်ပါတယ်။ Google Translate Application က Optical Character Recognition (OCR) စွမ်းရည်ပါရှိတဲ့အတွက် နားမလည်တဲ့ ဘာသာစကားကို Camera ကနေ Photo အဖြစ်ရိုက်ပြီး Google Translate ကနေဘာသာပြန်နိုင်ပါတယ်။
google-translate-from-camera
Visual Search လုပ်ဖို့ သုံးပါ။
Search Application တွေ မှာ စာနဲ့ ရိုက်ပြီးသိချင်တာရှာနိုင်သလို ပုံနဲ့ လည်းရှာနိုင်ပါတယ်။ဥပမာအားဖြင့် Product တစ်ခု အကြောင်းသိချင်တယ်ဆိုရင် Product ကို Photo အနေနဲ့ ရိုက်ပြီးအဲဒီ Product ရဲ့  သတင်းအချက်အလက်တွေကို ရှာနိုင်ပါတယ်။Google Goggles Application မှာ Visual Search ကို သုံးနိုင်ပါတယ်။
google-goggles-product-recognition
Scanner အဖြစ်သုံးပါ။
Smart Phone ရဲ့  Camera ကို Scanner အဖြစ်သုံးနိုင်ပါတယ်။Google Drive , Evernote , Scan To PDF Free  စတဲ့ Application တွေက Document တွေကို Scan လုပ်ပြီး PDF ဖိုင်အနေနဲ့ ပြုလုပ်ပေးနိုင်ပါတယ်။
evernote-android-page-camera
QR Code တွေကို Scan လုပ်ပါ။
QR Code( Quick Response code)တွေကို Application Store,Billboards,Advertisements,Products တွေ မှာ တွေ့ မြင်နိုင်ပါတယ်။အဲဒီ QR Code တွေကို QR Code Scanner application တွေသုံးပြီးတော့ Scan လုပ်ပြီးသက်ဆိုင်ရာ ၀က်ဆိုက်တွေ မှာ Products တွေ ရဲ့  သတင်းအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။အဲဒီအတွက် ၀က်ဆိုက်လိပ်စာရိုက်ရတဲ့ အလုပ်ရှုပ်မှုကင်းဝေးစေပါတယ်။
qr-code-scanning
Security Camera အနေနဲ့ သုံးပါ။
Smart Phone ရဲ့  Camera ကို Security Camera အနေနဲ့ လည်းသုံးနိုင်ပါတယ်။ သင့်မှာ အသုံးမပြုတော့တဲ့ Phone တစ်လုံးရှိရင် အဲဒီ Phone ကို IP Webcam လို Application ကိုသုံးပြီး Security Camera အဖြစ်နဲ့ သုံးနိုင်ပါတယ်။ 
2013-02-27_135340
Smart Phone တွေ ဟာ အိတ်ကပ်အရွယ်အစားရှိတဲ့ Computer တွေ ဖြစ်ပါတယ်။အဲဒီအတွက် Application တွေသုံးပြီးSmart Phone တွေရဲ့ Camera တွေမှာ သာမာန် Phone တွေ၊ Digital Camera ထက်ပို ပြီးစွမ်းဆောင်နိုင်တဲ့ စွမ်းရည်တွေ ကို အသုံးချနိုင်ပါတယ်။
Myanmar ICT မှာကျွန်တော်ရေးသားထားသောဆောင်းပါးကို ကူးယူဖော်ပြပါသည်။

Related Posts:

  • 91助手 PC suite for all V3.2.9 Beta 91助手 PC suite  ဆိုတာလေးတော့လူတိုင်းသိမယ်ထင်ပါတယ်ဒီကောင်လေးကတော့ android ကော...iphone ကော ipad ကောရတယ်ဗျ....ကျန်တာတော့ကျွန်တော်လည်းတရုတ်စာမတတ… Read More
  • WindowsPhoneအသုံးပြုတဲ့သူတွေအတွက်WindowsPhoneမှာFont WindowsPhoneအသုံးပြုတဲ့သူတွေအတွက်Wind owsPhoneမှာFont တွေထည့်သွင်းချင်တဲ့အခါမိမိဘာသာထည့်သွင်းနိုင်ဖို့အတွက်ဘယ်လို ထည့်သွင်းရမယ်ဆိုတာကို ဖော်ပြပေးလ… Read More
  • မိုဘိုင်းဖုန်းတစ်လုံး၏ လျှို့ဝှက်ချက်ငါးခု မိုဘိုင်းဖုန်းတစ်လုံး၏ လျှို့ဝှက်ချက်ငါးခုမြန်မာနိုင်ငံမှာ ရှိတဲ့ လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံး ရဲ့အသုံးဝင်မှု လျှို့ဝှက်တွေကို သိရှိသူတွေ… Read More
  • iPhone ထက်သာလွန်တဲ့ Android ရဲ့ အချက် (၁၀) ချက် ယခုအခါမှာတော့ Smartphone တွေရဲ့ပြိုင်ပွဲ ပိုမိုပြင်းထန်လာခဲ့ပါပြီ။ ဒါပေမယ့် တကယ်တမ်း ပြိုင်ဆိုင်နေကြတဲ့ အဓိက အင်အားကြီးပြိုင်ဖက်အနေနဲ့ကတော့ (၂) … Read More
  • Samsung Message Error ရှင်းနည်း တော်တော်များများ ဖြစ်နေကြတဲ့ ပြသနာလေးပါ Samsung Mobile တွေကို Root ထားပြီးသား သို့မဟုတ် မြန်မာစာ ထည့်ထားပြီးသားဖြစ်လျက်… Read More

0 comments:

Post a Comment

ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်

အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...