TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



IOS သမိုင်းကြောင်း


Steve Jobs iPhone ကိုစတင်မိတ်ဆက်တာ ၇ နှစ်ရှိပြီဖြစ်ပါတယ်။ 2007 ခုနှစ် ဇန်နဝါရီလမှာ iPhone ဆိုတဲ့ smart phone ကိုစတင်မိတ်ဆက်ခဲ့ပြီး smart phone လောကတစ်ခုလုံးကို ပြောင်းလဲပစ်ခဲ့တဲ့အပြင် အခုဆိုရင် Android ရဲ့အကူအညီနဲ့ Apple ရဲ့လမ်းအတိုင်း ကုမ္ဗဏီတော်တော်များများလိုက်နေရပြီဖြစ်ပါတယ်။ iPhone ကိုတင်မိတ်ဆက်ထဲက iOS ကိုမိတ်ဆက်ခဲ့တာပဲဖြစ်ပါတယ်။ အဲ့တုန်းက iPhone မှာသုံးထားတဲ့ operating system ကို iOS လို့မခေါ်ပဲ OS X လို့ပဲ အသုံးပြုခဲ့ပါတယ်။ Apple Computer Inc. ကိုလဲ Apple Inc အဖြစ်နာမည်ပြောင်းခဲ့ပါတယ်။

iPhone မှာဘာတွေအသုံးပြုလို့ရလဲဆိုတော့ Touch Screen, Multitask, GPS, Google Maps, Safari Browser, iPod အစရှိသည်ပါဝင်ခဲ့ပါတယ်။ ဘာမှမထူးဆန်းပေမဲ့ အဲ့ခေတ်က revolutionary product တစ်ခုဖြစ်တဲ့အပြင် slide to unlock လုပ်ပြတာတောင် လူတိုင်းအံအားသင့်ခဲ့ရပါတယ်။ ဒါပေမဲ့ Wallpaper တောင်ပြောင်းလဲနိုင်ခဲ့ခြင်းမရှိပါဘူး။ iPhone ဟာ Apple ရဲ့ ရှယ်ယာတွေကို တစ်ဟုန်ထိုးမြင့်တက်သွားစေခဲ့ပါတယ်။

iPhone နောက်ထပ်အသစ်တစ်မျိုးထွက်လာတော့ 3G အသုံးပြုနိုင်တဲ့အတွက် iPhone 3G လို့နာမည်ပေးခဲ့ပြီးအသုံးပြုထားတဲ့ OS ကို iPhone OS 2.0 လို့ခေါ်ခဲ့ပါတယ်။ iPhone OS 2.0 မှာ App Store စတင်ပါဝင်ခဲ့ပြီး Developer တွေအနေနဲ့ iPhone App စတင်ရေးသားနိုင်ခဲ့ပါတယ်။ iTunes မှာလဲ App Store ပါဝင်လာပြီး App Sync လုပ်နိုင်လာခဲ့ပါတယ်။

iPhone 3GS ထွက်လာတဲ့အခါမှာတော့ iPhone OS 3.0 ကိုအသုံးပြုခဲ့ပါတယ်။ iPhone 2.0 ကိုများစွာအဆင့်မြှင့်တင်မှုတွေပြုလုပ်ခဲ့ပြီး သိသိသာသာပြောင်းလဲခဲ့တာမျိုးမရှိပါဘူး။ ဒါပေမဲ့ iPhone OS 2.0 မှာမပါဝင်တဲ့ feature အခု ၁၀ဝ ကျော်ပါဝင်ခဲ့ပါတယ်။ Spotlight Search, Cut, Copy, Paste အစရှိတာတွေပါဝင်ခဲ့ပါတယ်။ Application တွေအတွက် push notification, badge အစရှိတာတွေပါဝင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ iPhone 3GS သုံးတဲ့သူများလဲပေါ်ပေါက်လာပါတယ်။ iPad ကိုစတင်မိတ်ဆက်ခဲ့ပြီး iPhone OS 3.2 ကိုအသုံးပြုခဲ့ပါတယ်။

iPhone OS 4.0 ထွက်လာတဲ့အချိန်မှာတော့ iOS 4 လို့ပြောင်းလဲခေါ်ဆိုစေခဲ့ပါတယ်။ Multitasking ကိုစတင်အသုံးပြုနိုင်လာပါတယ်။ Developer တွေရဲ့ App ကို background run နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကန့်သန့်ချက်အချို့နဲ့ပါ (ဥပမာ Music Player)။ Retina Display ကိုစတင်အထောက်အပံ့ပေးပြီး iPhone 4 မှာ retina display အသုံးပြုခဲ့ပါတယ်။ Facetime ကိုလဲစတင်မိတ်ဆက်ခဲ့ပါတယ်။ iPhone 4 ထွက်တဲ့အချိန်မှာတော့ ကျွန်တော့သူငယ်ချင်းတော်တော်များများ အထက်တန်းကျောင်းမှာ iPhone ကိုင်နေကြပါပြီ။

iOS 5 မှာတော့ Siri လို့ခေါ်တဲ့ voice command ကိုစတင်မိတ်ဆက်ခဲ့ပြီး အလွန်လူကြိုက်များခဲ့ပါတယ်။ iPhone 4S ကို A5 CPU နဲ့မိတ်ဆက်ခဲ့ပြီး Camera ကို 8 MP ပြောင်းလဲအသုံးပြုခဲ့ပါတယ်။

iOS 6 ကိုတော့ 2012 ခုနှစ်မှာ မိတ်ဆက်ခဲ့ပြီး iPhone တွေအနေနဲ့ iPhone 3GS, iPhone4, iPhone 4S မှာအသုံးပြုနိုင်ခဲ့ပါတယ်။ Siri ကိုပိုမွန်ကောင်းမွန်အောင်ပြုလုပ်ခဲ့ပါတယ်။ Passbook App အသစ်ပါဝင်လာပါတယ်။ iOS 6 မှာ အထူးခြားဆုံးအချက်ကတော့ Google Maps ကိုဖြုတ်ချခဲ့ပြီး Apple Maps နဲ့အစားထိုးခဲ့ပါတယ်။ Apple Maps ဟာ feature တွေအသုံးဝင်လှပေမဲ့ မြေပုံမှားယွင်းနေတာကြောင့် ပြဿနာတော်တော်များများဖြစ်ပွားခဲ့ပါတယ်။ Screen Size ကြီးမားလာတဲ့ iPhone 5 ကို ထုတ်လုပ်ခဲ့ပါတယ်။

iOS 7 ထွက်ပေါ်လာတော့ Steve Jobs မရှိတော့ပါဘူး။ ဒါပေမဲ့ Tim Cook အနေနဲ့အကောင်းဆုံးလုပ်ပြသွားခဲ့ပါတယ်။ iTunes Radio ကိုစတင်မိတ်ဆက်ခဲ့ပါတယ်။UI ကိုအစအဆုံးပြောင်းလဲပစ်ခဲ့ပါတယ်။ သာမာန်အားဖြင့် UI ကိုပြောင်းဖို့ဆိုတာ တော်တော်လေးစဉ်းစားရတဲ့ ကိစ္စဖြစ်ပြီး Tim Cook အနေနဲ့ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရပုံပါပဲ။ ထွက်ထွက်ခြင်း flat UI ကိုမကြိုက်သူများပြီး နောက်ပိုင်းမှာတော့ အဆင်ပြေသွားခဲ့ပါတယ်။ သုံးရတာ ပိုမိုအသုံးဝင်ပြီး ပိုမိုလှပပါတယ်။ Control Center ကိုထည့်သွင်းခဲ့ပြီး toggle တွေကို အဖွင့်အပိတ်ပြုလုပ်ရာမှာပိုမိုမြန်ဆန်စေခဲ့ပါတယ်။ လက်ဗွေရာစနစ်အသုံးပြုနိုင်တဲ့ iPhone 5S ကိုမိတ်ဆက်ခဲ့ပါတယ်။ မြန်မာဖောင့်ကို jailbreak မလိုပဲ iOS 7 မှာစတင်အသုံးပြုနိုင်ခဲ့ပါတယ်။

iOS 8 ကိုတော့ ဒီနှစ် WWDC မှာ မိတ်ဆက်ခဲ့ပြီး iOS သမိုင်းတလျှောက်အကြီးမားဆုံးပြောင်းလဲမှုတွေကိုပြုလုပ်ခဲ့ပါတယ်။ Message ကို notification ကနေတိုက်ရိုက် reply လုပ်နိုင်ခဲ့ပါတယ်။ Quick Type Keyboard အပါအဝင်တစ်ခြား features တွေများစွာထည့်ခဲ့ပါတယ်။ Health Kit, Home Kit အစရှိတဲ့ app အသစ်တွေလဲပါဝင်လာပါတယ်။ Third Party Keyboard တွေအသုံးပြုနိုင်ပြီဖြစ်တဲ့အတွက် jailbreak မလိုပဲ မြန်မာကီးဘုတ်အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ Swift လို့ခေါ်တဲ့ iOS Programming Language အသစ်ကိုမိတ်ဆက်ခဲ့ပြီး Objective C ထက်များစွာရိုးရှင်းပါတယ်။
ref:http://imyanmarnews.info
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Related Posts:

  • TeamViewer app - Mobile App for Android   … Read More
  • App Sync IOS Hackulous Team ဖျက်လိုက်ပြီဆိုတော့ Crack User တွေတော်တော်လေးဂယက်ရိုက်ကုန်ကြပါတယ်။ တချို့ကလဲinstallousနဲ့ apptrackမရတော့လဲ vshareတို့appcakeတို့… Read More
  • iTools 2012 Build 1224 ဒီ Tool လေးကတော့ နောက်ဆုံးထွက်လေးပါ.. ကျွှန်တော်အထင်သူတို့ Offical Page မှာ ဒီမနက်ပဲထွက်တာထင်ပါတယ်… iTool ကတော့သုံးရတာအဆင်ပြေပါတယ်.. သီချင်းပဲသွင… Read More
  • Zapya for IOS Zapya ကတော့ android users တို့အဖို့အကျွမ်းတ၀င်ရှိလှတဲ့ data file sharing app တစ်ခုဆိုတာယုံမှားနိုင်ဖွယ်မရှိပါ wifi အသုံးပြုပြီး မြန်ဆန်လှတဲ့ da… Read More
  • iPhone ရဲ့ Carrier Logo ကို Jailbreak လုပ်စရာမလိုပဲပြောင်းလဲခြင်း iPhone ရဲ့ Carrier name ကိုပြောင်းလဲချင်တယ်ဆိုရင် ဒါမှမဟုတ် Carrier name နေရာမှာ မိမိကြိုက်ရာ logo လေးထည့်ချင်တယ်ဆိုရင် အရင်က Phone ကို jailbr… Read More

0 comments:

Post a Comment

ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်

အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...