TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်တဲ့ Samsung Galaxy S6



Samsung Galaxy S6 ကိုလည်း ဘာစီလိုနာက WMC 2015 ပွဲမှာ မိတ်ဆက်လိုက်ပါပြီ။

၁) ကြီးမားတဲ့ ထူးခြားပြောင်းလဲချက်တွေထဲမှာဆိုရင် အရှေ့နဲ့ အနောက်ကို ဖန်သားနဲ့ ပြုလုပ်ခြင်း ဖြစ်ပြီး အနောက်ဘက်က အကြမ်းခံ ဖန်သား ဖြစ်ပါတယ်။ ပြီးတော့ ဘေးဘောင်က အလူမီနီယံ ဖြစ်ပြီး စပီကာကို အောက်မှာ ထားထားပြီး ယခင်ဖုန်းထပ် ၁.၅ ဆ ပိုကျယ်သတဲ့။

၂) အရွယ်အားကတော့ ၅.၁ လက်မရှိပြီး QHD (2560x1440) 577ppi Super AMOLED မျက်နှာပြင် ဖြစ်တာကြောင့် ကမ္ဘာ့ မျက်နှာပြင် အရည်အသွေး အကောင်းဆုံး စမတ်ဖုန်းထဲ ပါဝင်လာပါအုံးမယ်။

၃) ကင်မရာကတော့ 13 MP ရှိပြီး ထုံးစံအတိုင်း Flash, IR Sensor နဲ့ နှလုံးခုန်မှု တိုင်းတဲ့ Heart Rate Sensor တို့ ပါဝင်လာပါ့မယ်။ ရှေ့ကင်မရာ ကလည်း 5 MP ဖြစ်ပြီး HDR ရိုက်လို့ရ ပါတယ်။

၎) အားသွင်းဖို့အတွက် Wireless charging ကြိုးမလို သွင်းလို့ရပြီး ကြိုးနဲ့ သွင်းမယ်ဆိုရင် နာရီဝက်အတွင်း အားပြည့်တဲ့ Fast charging ပေါက် ပါဝင်သတဲ့။

၅) Android OS 5.0.2 (Lollipop) ဗားရှင်းနဲ့ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

၆) RAM 3GB LPDDR4 ပါဝင်ပါတယ်။

၇) Octacore Processor ကို အသုံးပြုပြီး 64 bit Samsung ရဲ့ ကိုယ်တိုင်ထုတ် Processor ဖြစ်ပါတယ်။

၈) အရောင်ကတော့ ဖြူ၊ နက်၊ ရွှေ၊ ပြာ တို့မှာ ရနိုင်ပါတယ်။

၉) ၁၃၈ ဂရမ်လေးပြီး 0.27 inches သာ အထူ ရှိတာကြောင့် အတော်ပါးပြီး ပေါ့တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။

၁၀) အမေရိကန်ဒေါ်လာ ၁ထောင်အထပ် စမတ်ဖုန်း ဖြစ်ပြီး မြန်မာကျပ်ငွေနဲ့ ဆိုရင် ၁၀ သိန်းအထပ်မှာ ရှိမှာ ဖြစ်ပါတယ်။

၁၁) 32 GB, 64 GB, 128 GB တို့ ထွက်ရှိပြီး microSD ကဒ် ထပ်စိုက်လို့ မရပါဘူး။

၁၂) လက်ဗွေစနစ်က ပွတ်ချစရာမလိုတော့ပဲ iPhone လို တို့ထိရုံနဲ့ ရပါပြီ။

ရိုးရာလေး မှတ်ချက်

Android စမတ်ဖုန်းတွေထဲမှာ အမြန်ဆုံး စမတ်ဖုန်းဖြစ်လာမယ့် စမတ်ဖုန်း ဖြစ်ပြီး premium ပစ္စည်းများ အသုံးပြုထားမှုကြောင့် သူ့ဈေးနဲ့သူကတော့ အနေတော်ပါပဲ။ ထိတွေ့ကိုင်တွယ်ရမှုကလည်း အရင် S5 တို့လို မဟုတ်ပဲ သိသိသာသာ ထူးခြားသွားသတဲ့။ ၁၀ သိန်းအထပ် တန်ဖိုးရှိဖုန်းထဲမှာဆိုရင်လောလောဆယ် Spec အမြင့်ဆုံး ဖြစ်တာကြောင့် ရွေးချယ်စရာမှာ ထည့်သွင်း စဉ်းစားသင့်တဲ့ စမတ်ဖုန်း တစ်လုံး ဖြစ်ပါတယ်။
ref:yoyarlay


အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Related Posts:

  • Galaxy RFK tool အဟမ်းအဟမ်းး....မိုက်ခရိုဖုန်းးးအသံနဲနဲလောက်ကျယ်ပေးးးပါ.... အဲယောင်လို့.... :D ဘာမှမဟုတ်ပါဘူးးးဗျာ....ကျနော်ကလိထားတာလေးလာပေးတာ..... Tool လေ… Read More
  • Samsung Official Firmware (Mediafire) Samsung Official Firmware အကြောင်း အမျိုးမျိုးကြောင် ဒေါင်းလော့လုပ်ရတာအဆင်မပြေသူများ အတွက် mediafire link ကနေ ပြန်တင်ပေးလိုက်ပါတယ်။။ Samsung K… Read More
  • Android 5.0 ကိုမြှင့်တင်နိုင်မဲ့ Samsung Android 5.0 ကိုမြှင့်တင်နိုင်မဲ့ Samsung ပစ္စည်းများစာရင်းကို ဖေါ်ပြပေးလိုက်ပါတယ်။ Android 4.2.2 ကနေမြှင့်လို့ရမဲ့ ပစ္စည်းတွေနဲ့ Android 5.0 တင်လိ… Read More
  • Samsung နှင့်odin အကြောင်းသိကောင်းစရာ Samsung ဖုန်းမှာ firmware ရေးတာတို့ root ဖောက်တာတို့ ဆို odin လိုတယ်မှတ်လား Samsung မှာလည်း မော်ဒယ်တွေ အများကြီး ရှိပါတယ် ဘယ်မော်ဒယ်က ဘယ် odin နဲ့ … Read More
  • အမြင့် ဖုန်းတွေနဲ့ တတ်ပလက် များကို apk ဖိုင်ဖြင့်rooting ဒီနည်းလေးကတော့ ကွန်ပျူတာမလိုပါဘူး apk ဖိုင်းလေး install လုပ်ပြီး အလွယ်ကူဆုံး root လုပ်တဲ့နည်းလမ်းလေးပါ။root လုပ်နိုင်တဲ့ အများအစားများကို အောက်မှာဖော… Read More

0 comments:

Post a Comment

ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်

အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...