
ယူကေမှာကော၊ အမေရိကန်မှာကော ထူးထူးခြားခြား အလုပ်တစ်ခု ရှိပါတယ်။ ယင်းကတော့ မိုဘိုင်းဖုန်း ဖျက်ဆီးခြင်း ဖြစ်ပါတယ်။ ရာထူးအမည်ကိုတော့ Mobile Phone Destruction Tester (မိုဘိုင်းဖုန်း ပျက်ဆီးမှုဆိုင်ရာ စမ်းသပ်စစ်ဆေးသူ) ဖြစ်ပါတယ်။
တစ်နှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၅သောင်းခွဲ ဝန်းကျင်ရရှိတဲ့အလုပ် ဖြစ်ပါတယ်။ ယင်း အလုပ်ရဖို့အတွက် ဖုန်းကို ဘယ်လို နည်းလမ်းနဲ့ ကွဲအောင် ခွဲနိုငတယ်ဆိုတာကို သိဖို့လိုအပ်ပါမယ်။ ဖုန်းရဲ့ ဟာ့ဒ်ဝဲဆိုင်ရာကိုလည်း စိတ်ဝင်စားသူ ဖြစ်ရမယ်။ အင်္ဂလိပ်လိုလည်း ကောင်းကောင်းရေး၊ ကောင်းကောင်းပြောနိုင်ရမယ်။ အကြောင်းကတော့ ဖုန်းကို ခွဲပြီးရင် ခွဲတဲ့ ဖြစ်စဉ်နဲ့ အမြင်ကို စာပြန်ရေးရမှာမို့ပါ။
Myanmar Mobile App Store အနေနဲ့လည်း အဲ့လို Job Vacancy မျိုး ဖန်တီးပေးဖို့ စိတ်ဝင်စားလျက် ရှိပါတယ်။ လောလောဆယ်ကတော့ အဲ့ အလုပ်လိုချင်ရင် လစာမယူပါနဲ့။ ဖုန်းကိုလည်း ကိုယ့်ဖုန်းကိုခွဲပေးပါ။ စာမူခလေးတော့ ပေးပါမယ် ခမျာ.. အဟီး… (နောက်တာနော်) 

Ref: dykonw
Ref:အောင်ခမ်း (MMAS)
Ref:အောင်ခမ်း (MMAS)
0 comments:
Post a Comment
ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်