TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



လိုဂိုဒီဇိုင်းတွေအမျိုးမျိုးပြောင်းလဲခဲ့ကြတဲ့ နည်းပညာ ကုမ္ပဏီများ

google 2

ပြီးခဲ့တဲ့ နှစ်ရက်က Google ရဲ့ လိုဂိုဒီဇိုင်းပြောင်းလဲမှုအပေါ်လူအများက စိတ်ဝင်စားမှု ရှိခဲ့ကြပါတယ်။ တကယ်တော့ Google ရဲ့ လိုဂိုဒီဇိုင်းပြောင်းလဲခြင်းဟာ ဆန်းကျယ်မှုတစ်ခုမဟုတ်တာတော့ သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနှစ်ထဲမှာပဲ Google အပြင် အခြား နည်းပညာနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ကုမ္ပဏီအများစုဟာ သူတို့ရဲ့ လိုဂိုဒီဇိုင်းကိုပြောင်းလဲခဲ့ကြလို့ပါပဲ။ ဒါကိုသတိမထားမိတဲ့ End User တွေအတွက်တော့ Google ရဲ့ ပြောင်းလဲမှုဟာ အရမ်းကိုအသစ်အဆန်းဖြစ်နေလေရဲ့။

ဒီနှစ်ထဲမှာပဲ Google မတိုင်ခင် လိုဂိုဒီဇိုင်း အပြောင်းအလဲပြုလုပ်ထားတဲ့ ကုမ္ပဏီတွေထဲမှာ ကမ္ဘာ့လူသုံးအများဆုံး social media website တစ်ခုဖြစ်တဲ့ Facebook လို ကုမ္ပဏီကြီးတစ်ခုလည်း ပါဝင်နေပါသေးတယ်။ ဒါ့အပြင် အခြားသော နည်းပညာနဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီတွေကလည်း ရှိပါသေးတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ လအနည်းငယ်လောက်က လိုဂိုဒီဇိုင်းအပြောင်းအလဲပြုလုပ်ခဲ့တဲ့ ကုမ္ပဏီ ၉ ခုနဲ့ Google တို့ရဲ့ အသစ်ပြောင်းလဲလိုက်တဲ့ ဒီဇိုင်းတွေအကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။
1. Quora : Quora ဟာ မိမိသိလိုသမျှကို မေးမြန်းနိုင်တဲ့ Website တစ်ခုဖြစ်ပြီး ၊  မိမိမေးခွန်းကို သိတဲ့လူများက ပြန်လည်ဖြေကြားပေးသွားမဲ့ Website တစ်ခုဖြစ်ပါတယ်။
quora 1quora 2
2. Flipkart : အိန္ဒိယနိုင်ငံရဲ့ အွန်လိုင်း ရှော့ပင်း ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်ပါတယ်။
flipmart 1flipmart 2
3. Oculus : Virtual-reality ပစ္စည်းတွေကို ထုတ်လုပ်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။
oculus 1oculus 2
4. Lenovo : အိုင်တီပစ္စည်းတွေကိုထုတ်လုပ်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။
lenovo 1lenovo 2
5. Quirky : Management Tools Software တစ်ခုဖြစပါတယ်။
quirky 1quirky 2
6. Facebook : ကမ္ဘာ့လူဦးရေရဲ့ ၁ ဘီလီယံ လောက် နေ့စဉ်အသုံးပြုနေကြတဲ့ Social Media Website တစ်ခုဖြစ်ပါတယ်။
facebook 1facebook 2
7. SutpHub : အွန်လိုင်းကနေ လက်မှတ်ရောင်းချတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။
stubhub 1stubhub 2
8. Luxe : ကားပါကင်ထိုးတဲ့ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။
luxe 1luxe 2
9. FunKeeper : ကိုယ်ကာယ လေ့ကျင့်ရေး Application တစ်ခုဖြစ်ပါတယ်။
runkeeper 1runkeeper 2
10 . Google : ကမ္ဘာ့လူသုံးအများဆုံး ဝက်ဘ်ဆိုဒ် တစ်ခုဖြစ်တဲ့အပြင် ကမ္ဘာ့လူသုံးအများဆုံး Search Engine တစ်ခုဖြစ်ပါတယ်။
google 1google 2
Ref : Business Insider
Aung Ko Htet (MMA)
#aungkohtet_mma

0 comments:

Post a Comment

ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်

အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...