TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



iOS 10 Features များ


Lock Screen

iOS 10 မှာ lock screen က လုံးဝပြောင်းသွားပါတယ်။ slide to unlock လုပ်လို့ရမှာမဟုတ်တော့ပါဘူး။ home button ကိုတစ်ချက်နှိပ်မှ unlock လုပ်ပေးမှာဖြစ်ပါတယ်။ touch id ပါဝင်တဲ့ device တွေမှာတော့ setting >> accessibility >> home button မှာ rest finger to open ဆိုပြီး အရင်ကလို lock screen ကနေ finger print နဲ့ဖွင့်လို့ရမှာဖြစ်ပါတယ်။ lock screen မှာ ဘယ်ဘက်ကို swipe လုပ်လိုက်ရင် widgets တွေကိုပြမှာဖြစ်ပါတယ်။ ညာဖက်ကို swipe လုပ်လိုက်ရင်တော့ camera ကိုပြမှာဖြစ်ပါတယ်။

Raise to wake

ဖုန်းကို ကောက်ကိုင်လိုက်တာနဲ့ wake ဖြစ်ပြီးlock screen ကိုပြမှာဖြစ်ပါတယ်။ Raise to wake setting ကို setting > display and brightness > raise to wake မှာ အဖွင့်အပိတ်ပြုလုပ်နိုင်ပါတယ်။

Hide, Remove stock apps

iOS 10 မှာ နဂိုပါဝင်လာတဲ့ app အချို့ဖျက်ခြင်း၊ ဖျောက်ခြင်းပြုလုပ်နိုင်ပါတယ်။ ဖျက်လိုက်တဲ့ app ကိုတွေကို App Store ကနေပြန် download ဆွဲနိုင်ပါတယ်။

Photos

Photos app ထဲမှာ အရင်က ဓာတ်ပုံတွေကို memories ဆိုပြီး collection လုပ်ပေးမှာဖြစ်ပါတယ်။

Control Center

Control Center မှာ Music Control တွေကိုကြည့်ချင်ရင် ညာဖက်ကို swipe လုပ်ပြီးကြည့်နိုင်ပါတယ်။ အောက်က app shortcut တွေကို 3D touch နဲ့ shortcut အသုံးပြုနိုင်မှာဖြစ်ပါတယ်။ flashlight ကို 3d touch နဲ့ low, medium, bright light အသုံးပြုနိုင်မှာဖြစ်ပါတယ်။

iMessage

iMessage ကိုတော်တော်လေး ပြောင်းထားတာတွေ့ရပါတယ်။ digital touch ဆိုတဲ့ ပုံဆွဲပြီး ပို့တာတွေ gesture တွေနဲ့ပို့တာတွေလုပ်နိုင်ပါတယ်။ တစ်ယောက်ပို့တဲ့ message ကိုတစ်ယောက်က reaction ပေးတာတွေလဲလုပ်နိုင်မှာဖြစ်ပါတယ်။ Third party app extension တွေလဲအသုံးပြုနိုင်မှာဖြစ်ပြီး messenger ကိုအမှီလိုက်လာတယ်လို့ဆိုနိုင်ပါတယ်။
Clock

Bedtime Reminders ဆိုပြီး အသစ်ပါဝင်လာပါတယ်။ ညအိပ်မဲ့အချိန်နဲ့ ထမဲ့အချိန်ကိုရွေးပြီး ပေးနိုင်ပါတယ်။ အိပ်ချိန်ရောက်ခါနီးရင် reminder ပြပြီး မနက်မိုးလင်းရင် alarm ပေးမှာဖြစ်ပါတယ်။ ကိုယ့် sleeping habit ကို health app ထဲမှာပြန်ကြည့်နိုင်ပါတယ်
Maps

Maps မှာ Find my car ဆိုပြီး နောက်ဆုံး ကိုယ် ကားရပ်ခဲ့တဲ့နေရာကိုပြမှာဖြစ်ပါတယ်။ ကားမောင်းတာ ရပ်တာကို အလိုလို detect လုပ်ပေးမှာဖြစ်ပါတယ်။ Avoid toll gate ဆိုပြီး toll gate ရှောင်တဲ့လမ်းတွေကို route လုပ်လို့ရပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာမရပါဘူး


Safari

Close all tabs - Tabs တွေကြည့်တဲ့ button ကိုဖိထားရင် close all tabs ပေါ်လာပြီး tabs အကုန်လုံးကိုတစ်ခါတည်းပိတ်နိုင်မှာဖြစ်ပါတယ်။



Calendar App

Calendar App မှာ Mail, Message ထဲက တွေ့တဲ့ event တွေကို Calendar ထဲတစ်ခါတည်း ထည့်နိုင်မှာဖြစ်ပါတယ်။

Camera

Camera ကိုဖွင့်လိုက်ရင် သီချင်းအရင်လိုရပ်သွားတော့မှာမဟုတ်ပါဘူး။ ဒါပေမဲ့ video, live photo ရိုက်ရင်တော့ music အလိုလို ရပ်သွားမှာပါ။

siri ကိုလဲ အဆင့်မြှင့်တင်ပေးထားတာပါသေးတယ်။ တစ်ခြား features တွေသိခဲ့ရင်လဲ comment ပေးသွားကြပါ

Post by - Myat Min Soe

1 comment:

  1. really explained method remove icloud activation lock thanks i let here my blog
    unlock icloud tools
    The article is quite good, we understand the work well. We are thankful for that. Good article,ufabet thank you.
    unlock passcode

    ReplyDelete

ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်

အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...