TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



Custom Recovery အ​ကြောင်းနှင့်​ ဘာ​ကြောင့်​ အသုံးပြုသင့်​သလဲ

Image result for Custom Recovery

Custom Android ROM ကိုသင့်ဖုန်းမှာအင်စတောလုပ်ချင်သလား? တစ်နည်းအားဖြင့် Custom Android ROM များဟာCyanogenModလို Third-Party Android Operating System များ ဖြစ်ပါတယ်။ ဒီလို Custom Android ROM များကိုအင်စတောလုပ်ရင် Custom Recovery ကိုပါ အင်စတောလုပ်ခိုင်းပါလိမ့်မယ်။
Android Device အားလုံးမှာ Recovery Software ကိုထည့်သွင်းပေးထားပါတယ်။ အဲဒီ Recovery Software ဟာ Device ကို Factory Default Settings ကို Restore လုပ်ဖို့၊ Operating System ကို Update လုပ်ဖို့နဲ့ အခြားအလုပ်များ ပြုလုပ်နိုင်ပါတယ်။
Android Stock Recovery
----------------------------
Android Device များမှာ Stock Recovery လို့ ခေါ်တဲ့ Google ရဲ့ Recovery Software ပါရှိပါတယ်။ Recovery Software ကိုအသုံးပြုဖို့ စမတ်ဖုန်း၊ တက်ဘလက်များအတွက် သီးခြားခလုတ်များကိုအင်တာနက်မှာရှာဖွေပြီး နှိပ်ရမှာ ဖြစ်ပါတယ်။ နောက်တစ်နည်းကကွန်ပြူတာနဲ့ ဖုန်းကိုချိတ်ဆက်ပြီး ADB Command ကိုအသုံးပြုခြင်းဖြင့် Recovery Software ကိုသုံးနိုင်ပါတယ်။ Recovery Mode ထဲရောက်သွားရင် Menu ကနေသင့်ဖုန်းကို Factory Default အခြေအနေကို ပြန်လည်ရရှိအောင်ပြုလုပ်နိုင်သလိုဖုန်းထုတ်လုပ်သူက ဖြန့်ချီပေးတဲ့ Android OS Update များကိုရရှိနိုင်ပါတယ်။ ROM အသစ်ကို Flash လုပ်ချင်ရင် ဒါမှမဟုတ် ထုတ်လုပ်သူရဲ့ နဂို ROM ကို ပြန်လည် Flash လုပ်ချင်ရင်လည်း Recovery Mode ထဲက ပြုလုပ်နိုင်ပါတယ်။
Stock Recovery မှာကန့်သတ်ချက်တွေ ရှိနေပါတယ်။ Stock Recovery များဟာယေဘုယျအားဖြင့် ဖုန်းထုတ်လုပ်သူက ဖြန့်ချီပေးတဲ့ ROM များနဲ့ Updates များကိုသာရယူနိုင်တာပါ။ အခြား ROM များကိုတော့ အင်စတောမလုပ်ပေးနိုင်ပါဘူး။
Custom Recovery
----------------------
Custom Recovery ဆိုတာ Third-Party Recovery Software တစ်ခု ဖြစ်ပါတယ်။ Custom Recovery ကိုသင့်ဖုန်းမှာ Flash လုပ်ရင် နဂိုပါတဲ့ Stock Recovery နေရာမှာအစားထိုးအလုပ်လုပ်မှာပါ။ ဒါဟာဘာနဲ့ တူသလဲဆိုရင် CyanogenModလို Custom ROM ကို Flash လုပ်သလိုပါပဲ။ ဒါပေမယ့် Android Operating System တစ်ခုလုံးကိုပြောင်းလဲတာမဟုတ်ဘဲ Recovery Software ကိုသာပြောင်းလဲတာပါ။
Custom Recovery ဟာ Stock Recovery လိုပဲအလုပ်လုပ်မှာပါ။ ဒါပေမယ့် Custom Recovery မှာစွမ်းဆောင်ချက်များပိုမိုပါရှိပါတယ်။ သူ့မှာဖုန်းကို Backup , Restore လုပ်နိုင်တဲ့ စွမ်းရည်ပါရှိပါတယ်။ နောက်ပြီး Custom ROM များကိုအင်စတောလုပ်ပေးနိုင်ပါတယ်။ ClockworkMod က Recovery Mode ထဲဝင်စရာမလိုဘဲ လက်ရှိသုံးနေတဲ့ Android System ကနေအဲဒီစွမ်းဆောင်ချက်တွေကိုသုံးနိုင်တဲ့ ROM Manager App ကိုတီထွင်ပေးထားပါတယ်။ အဲဒီ App ကိုသုံးဖို့ Custom Recovery ကိုအင်စတောလုပ်ထားရမှာပါ။
နာမည်ကြီး Custom Recovery များ
--------------------------------------
ClockworkMod Recovery (CWM) ဟာNANDroid Backups များကို Create, Restore လုပ်နိုင်ပါတယ်။ NANDroid Backups ဟာ Android Device ရဲ့ File System တစ်ခုလုံးကို Backup လုပ်တာပါ။ NANDroid Backup ပြုလုပ်နည်းကိုအရင်ဆောင်းပါးတစ်ပုဒ်မှာရေးပေးခဲ့ပြီးပါပြီ။ ClockworkMod က ClockworkMod Recovery ကနေ Custom ROM များကိုအင်စတောလုပ်နိုင်ဖို့ File Browser ပါရှိတဲ့ ROM Manager App ကို ပြုလုပ်ပေးထားပါတယ်။ App ကနေ Backup များကိုစီမံခန့်ခွဲနိုင်ပြီး Restore လုပ်နိုင်ပါတယ်။ သူ့မှာ Custom ROM များကိုစမ်းသပ်ချင်သူများအတွက် အသုံးဝင်တဲ့ အဆင့်မြင့် စွမ်းဆောင်ချက်များလည်းပါရှိပါတယ်။
Team Win Recovery Project (TWRP) က ထိတွေ့ အသုံးပြုနိုင်တဲ့ Recovery Software ဖြစ်ပါတယ်။ Volume နဲ့ Power ခလုတ်များကိုအသုံးပြုရတဲ့ Stock Recovery အပါအ၀င် အခြား Recovery Software များနဲ့ မတူတဲ့ အချက်က TWRP ဟာ On-Screen Button များကိုထိတွေ့ အသုံးပြုရတဲ့ User Interface ကိုအသုံးပြုထားတာပါ။ TWRP မှာ Themes များကိုတောင် ရွေးချယ်နိုင်ပါတယ်။ CWM လိုပဲ TWRP ဟာ Stock Recovery မလုပ်ပေးနိုင်တဲ့ Custom ROM များကိုအင်စတောလုပ်ဖို့နဲ့ Backup လုပ်နိုင်တဲ့ စွမ်းဆောင်ချက်များပါရှိပါတယ်။
CWM နဲ့ TWRP ကတော့ နာမည်အကြီးဆုံး Custom Recovery နှစ်ခုပါ။ အချို့ Device များအတွက် Custom Recovery များလည်းရှိပါတယ်။
Custom Recovery ကိုဘယ်အချိန်၊ ဘာ့ကြောင့် အင်စတောလုပ်ရသလဲ?
Custom Recovery များဟာလက်ရှိသုံးနေတဲ့ Stock ROM ကို Backup , Restore လုပ်နိုင်ပြီး ROM များကို Flash လုပ်ပေးနိုင်တဲ့အတွက် Custom ROM များကိုအင်စတောလုပ်ရင် အလွန်အသုံးဝင်ပါတယ်။ Custom Recovery ကိုအင်စတောလုပ်ဖို့ သင့် ဖုန်းရဲ့ Bootloaderကို Unlock လုပ်ရမှာပါ။
Android မှာ Device တစ်ခုလုံးကို Backup လုပ်နိုင်တဲ့ စွမ်းဆောင်ချက်ပါရှိပေမယ့် လျှို့ဝှက်ပြီးကွန်ပြူတာကနေ ADB Command ကိုသုံးရတာပါ။ ဒီနည်းကိုသုံးရင် သင့်ဖုန်းရဲ့ Bootloaderကို Unlock လုပ်စရာမလိုသလို Root လုပ်ထားစရာလည်းမလိုပါဘူး။ ဒီနည်းလမ်းကိုအရင်တုန်းကဆောင်းပါးတစ်ပုဒ်မှာရေးပေးခဲ့ပြီးပါပြီ။
Custom ROM များကိုစမ်းသပ် အသုံးပြုချင်ရင် ဒါမှမဟုတ် Android System တစ်ခုလုံးကို Backup လုပ်ချင်ရင် Custom Recovery ကိုအင်စတောလုပ်ပါ။ Custom ROM များကိုအင်စတောမလုပ်ခင်မှာလည်း Custom Recovery ကိုအရင် အင်စတောလုပ်ရလေ့ ရှိပါတယ်။ ဒါပေမယ့်လည်း Custom Recovery ကိုအမြဲတမ်းသီးခြားအင်စတောလုပ်ဖို့ မလိုပါဘူး။ ဥပမာအားဖြင့် CyanogenMod Installer App ကနေCyanogenModကိုအင်စတောလုပ်ရင် ClockworkMod Recovery ကိုအလိုအလျှောက် အင်စတောလုပ်ပါလိမ့်မယ်။ အခြား Custom ROM များကိုအင်စတောလုပ်ရင်လည်း Custom Recovery ကိုအင်စတောလုပ်ဖို့ လမ်းညွှန်ပေးပါလိမ့်မယ်။ Custom ROM များကိုမသုံးချင်ဘဲ Stock Android System ကိုသုံးချင်သူများအတွက် စွမ်းဆောင်ရည်မြင့် Backup Feature ကိုသာသုံးချင်ရင်လည်း Custom Recovery ကိုအင်စတောလုပ်နိုင်ပါတယ်။
ယေဘုယျအားဖြင့် Custom Recovery များဟာ Custom ROM များကိုအင်စတောလုပ်မှသာလိုအပ်ပါတယ်။ Android အသုံးပြုသူအများစုက Stock Recovery နဲ့ Custom Recovery ရဲ့ ကွာခြားချက်ကိုမသိကြတဲ့အတွက် ရေးသားပေးလိုက်ပါတယ်။
Credit-Digital Life Journal

0 comments:

Post a Comment

ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်

အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...