TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



Showing posts with label Educational. Show all posts
Showing posts with label Educational. Show all posts

Speak Your Wishes Android apk

အင်္ဂလိပ်စကားပြော လေ့လာနေသူများအတွက်...Admin ကိုယ်တိုင် ရေးသားထားသော Android APK
ဒီSpeak Your Wishesဆိုတဲ့ APPတွင် Englishစကားပြော လေ့လာနေသူများအတွက် အခြေခံအကျဆုံး အသံထွက်နဲ့ ဆန္ဒတွေ ပြောနည်းကို ရေးပေးထားပါတယ်။ ကျွန်တော်တို့ ငယ်စဉ်ကလေးဘဝ စကားပြော စသင်ချိန်မှာ ဆန္ဒလေးတွေ ပြောပြီး စခဲ့ရတာ မဟုတ်လား။ စကားပြောတတ်ခါစ “ရေ..ရေ” တို့၊ နောက် နည်းနည်းပြောတတ်လာတော့ “ရေ သောက်ချင်တယ်”တို့ ဖြစ်လာတာပါ။ ဒါကြောင့် ဆန္ဒတွေကို ပြောတတ်စေဖို့ ရည်ရွယ်ပြီး would like to သင်ခန်းစာများကို ရေးသားပေးလိုက်ရပါတယ်။ Text to Speechပါတဲ့ ဖုန်းတွေမှာ အသံထွက်နားထောင်လို့ ရမှာ ဖြစ်ပြီး မပါတဲ့ ဖုန်းတွေမှာတော့ အသံထွက်ရမှာ မဟုတ်ပါဘူး။ ပြီးတော့ အသံထွက်ဟာ စာကို စက်နဲ့ ဖတ်တာ ဖြစ်တဲ့အတွက် တန်းတန်းကြီး ဖတ်သွားတာ တွေ့ရမှာပါ။ တကယ်တန်း ပြောတဲ့အခါ လေသံအနိမ့်အမြင့်၊ အတက်အကျနဲ့ ပြောလေ့ရှိပါတယ်။ လေ့ကျင့် ရွတ်ဆိုတဲ့အခါ သံနေသံထားနဲ့ လေ့ကျင့်ကြည့်ပါ။ ဒီappထဲမှာ နမူနာ စာကြောင်းပေါင်း ၁၂၀ပါဝင်ပြီး ဒါတွေကို မိမိညဏ်နဲ့ ချဲ့ထွင်ရေးသားလို့ ရပါတယ်။

သင်ယူခြင်းရဲ့ သဘောက အချက်အလက်တွေကို ကျက်မှတ်ဖို့ မဟုတ်ဘဲ ကိုယ်ပိုင် ချဲ့ထွင်တွေးတော တတ်ဖို့ ဖြစ်ပါတယ်။ ဒီသင်ခန်းစာများဟာ အင်္ဂလိပ်စာကို မသိဘူးလားဆိုတော့ သိတယ်၊ ပြောတတ်လားဆိုတော့ မပြောတတ်ဘူး၊ ဘယ်လိုပြောရမယ် မသိဘူးဆိုတဲ့လူများအတွက် စတင်နိုင်ဖို့ အစပါ။ ဒီသင်ခန်းစာများကို ရေးသားသူက ကျွန်တော် Developerကိုယ်တိုင်ဖြစ်ပြီး ကျွန်တော့်ဖခင် ဆရာဦးမြင့်ဆွေရဲ့ အခြေခံ အင်္ဂလိပ်စကားပြောသင်ရိုးကို မှီငြမ်း ရေးသားထားတာ ဖြစ်ပါတယ်။ အမှားအယွင်း တစုံတရာ ရှိခဲ့ရင် ကျွန်တော် Developerကိုယ်တိုင် တာဝန်ခံမည် ဖြစ်ပါတယ်။ အင်္ဂလိပ်စကားပြော လေ့လာသူများအတွက် အထောက်အကူဖြစ်စေဖို့ မျှော်လင့်ပါတယ်။

Star Tek
Admin


Playstore Link

OR

Download Link

ref:IT Group

ရန်ကုန် အဝေးသင်တက္ကသိုလ်ကို အွန်လိုင်းကနေ တက်မယ်

ရန်ကုန် အဝေးသင်တက္ကသိုလ်ကို  အွန်လိုင်းကနေ တက်မယ်

ပညာလိုလားသူတွေအတွက် သတင်းကောင်းတပုဒ်ပါ။ ခေတ်မီ ပွင့်လင်းလာတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာနဲ့ ရင်ဘောင်တန်း ကာ အွန်လိုင်းက ဒီပလိုမာတွေပေးနေပြီဖြစ်သလို ဒီဂရီတွေလည်း ပေးဖို့ ပြင် ဆင်နေ ပါပြီတဲ့။


မြန်မာနိုင်ငံမှာ အခုအခါ ပညာရေးကို ဦးစားပေး မြှင့်တင်နေ ချိန် ဖြစ်လို့ ရန်ကုန် အဝေးသင်တက္ကသိုလ် ဥပဒေရေးရာ ဌာနက အွန်လိုင်းကနေ ဥပဒေ ဒီပလိုမာ ယူလို့ရပါပြီလို့ ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ ၀က် ဆိုက် မှာ မနေ့က သတင်းတပုဒ် က ဆိုပါတယ်။


ရန်ကုန်တက္ကသိုလ် ဥပဒေ ဌာနက ယမန်နှစ် ၂၀၁၂ ခုနှစ်ကတည်းက အွန်လိုင်း ဒီပလိုမာ သင်တန်း အစီအစဉ်ကို စတင်ခဲ့ တာဖြစ်တယ်လို့ ရန်ကုန် အဝေးသင် တက္ကသိုလ် ဥပဒေ ရေးရာ ဌာန ပါမောက္ခ ဒေါက်တာ ဒေါ်မမလေး ကို ကိုးကားပြီး ပြန်ကြားရေး သတင်းက ဆိုတာပါ။


“အဲ့ဒီ ဒီပလိုမာ သင်တန်းကို နှစ်ဝက် စာသင်ကာလ နှစ်ခု ခွဲထားပြီး တစ်ခုကို ငါးလ သတ်မှတ်ကာ ပထမ နှစ်ဝက်မှာ ဘာသာရပ် ငါး ခု သင်ကြားပြီး ဘာသာရပ် တစ်ခုလျှင် ဥပဒေပညာရပ်နှစ်ခု သင်ကြား ရန် ပြဋ္ဌာန်းထားပါတယ်။ ဒုတိယ နှစ်ဝက်မှာလည်း ဥပဒေပညာရပ်လေးခု ပြဋ္ဌာန်းသင်ကြားပေးပြီး အဲဒီ အနက် ဥပဒေဘာသာရပ်တစ်ခုကို စာတမ်းပြုစု တင် ပြ ရပါတယ်” လို့ သူက ပြောထားတာပါ။


စာမေးပွဲဖြေဆိုရာမှာ ရုံးချိန်ပြင်ပ ဖြေဆိုလိုသူတွေအတွက် နံနက် ၆ နာရီက ညနေ ၆ နာရီအထိ သတ်မှတ် ထားပါတယ်တဲ့။


ဒီနှစ် ဒုတိယ အသုတ် ဒီပလိုမာသင်တန်းမှာ ပထမ နှစ်ဝက်ဖြေဆိုသူ ၁၀၀ ကျော်ရှိပြီး ဒုတိယ နှစ်ဝက်ဖြေ ဆို သူ ၅၄ ဦး ရှိ တယ် လို့ ဆိုပါတယ်။


စာမေးပွဲ အောင်စာရင်း ရလဒ်တွေကတော့ ဖြေဆိုပြီး ရက်ပိုင်း အတွင်း အွန်လိုင်းမှာ ထုတ်ပြန်ပေးမှာ

ဖြစ်ပြီး လျှောက်ထား လိုသူတွေ အနေနဲ့ ဒီလိပ်စာ( www.yudeonline.com.mm ) ကနေ သွားရောက်
လျှောက်ထားနိုင်တယ်လို့ သူက ဆက် ပြော ထားပါတယ်။

ရန်ကုန် အဝေးသင်တက္ကသိုလ်မှာရှိတဲ့ ကျန်တဲ့ ဘာသာရပ်တွေကိုလည်း အခု ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက စပြီး အွန်လိုင်း က နေ ဒီဂရီ ပေးနိုင်ဖို့ ပြင်ဆင်မှုတွေလည်း ရှိတယ်လို့ ပြန်ကြားရေး ၀က်ဆိုက် သတင်းက ဆိုပါတယ်။


credit:irrawaddy
အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...