TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



Showing posts with label Funny. Show all posts
Showing posts with label Funny. Show all posts

www.takethislollipop.com သင့် Facebook မှာ ဓာတ်ပုံတွေ တင်ရင်


သင့် Facebook မှာ ဓာတ်ပုံတွေ တင်ရင်
www.takethislollipop.com ဆိုတာ ၂၀၁၁ ခုနှစ်မှ ထွက်ရှိတဲ့ Facebook App, ရုပ်ရှင် တစ်ခု ဖြစ်ပြီး ကြည့်ချင်ရင် မိမိရဲ့ အကောင့်နဲ့ log in ဝင်ရ ပါတယ်။ မိုဘိုင်းဖုန်းကနေ ရတာနည်းပါတယ်။ သေချာချင်ရင် ကွန်ပြူတာနဲ့ ကြည့်ပါ။ ၁ မိနစ်သာ ကြာတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။
သူ့ကို ကြည့်ဖို့အတွက် မိမိရဲ့ Facebook account နဲ့ log in ဝင်ရပါမယ်။ log in ဝင်ပြီးရင် မိမိကိုယ်တိုင်ဟာ ဓားစာခံ ဖြစ်နေတဲ့ ကြောက်မက်ဖွယ် ရုပ်ရှင်ကို ကြည့်ရှု နိုင်ပါပြီ။ မိမိအနေနဲ့ Facebook ပေါ်မှာ ဓာတ်ပုံတွေ အတင်များရင်၊ လုံခြုံမှု သေချာ ဂရုမစိုက်ရင် ဘာတွေ ဖြစ်တတ်တယ် ဆိုတာကို ၁ မိနစ်ထဲနဲ့ ထိထိမိမိ သင်ခန်းစာ ပေးသွားနိုင်တဲ့ ရုပ်ရှင် ဖြစ်ပါတယ်။ ကြည့်တဲ့အခါ နားကြပ်တပ်ပြီး ကြည့်ရင် ပိုလို့ ပီပြင်ပါလိမ့်မယ်။
ယင်း ရုပ်ရှင်ပေါ်ပြီး ကမ္ဘာအရပ်ရပ်မှာ Facebook နဲ့ Personal လုံခြုံရေး နဲ့ ပက်သက်လို့ ဆွေးနွေး ပြောဆိုစရာ ဖြစ်ခဲ့ပြီး ကမ္ဘာ့ လူသုံးအများဆုံး Facebook App တစ်ခု၊ ကမ္ဘာ့ အအောင်မြင်ဆုံး ရုပ်ရှင်ဇာတ်လမ်းတို တစ်ခုအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ကြည့်ရှုသူ သန်းရာကျော် ရှိနေပြီမို့ ဖြစ်ပါတယ်။ တစ်ခါကြည့်ပြီးရင် ပိတ်လိုက်ရုံပါပဲ။ မိမိ account information များ မကျန်ရှိခဲ့ပါဘူး။\

အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

အွန်လိုင်းရယ်နည်း

အွန်လိုင်းရယ်နည်း
===========

ကွန်ပျူတာ အင်တာနက်ခေတ်တွင် အွန်လိုင်းခေတ်တွင် အွန်လိုင်းပေါ် ရယ်ပုံရယ်နည်း မတူကြကြောင်း ဟာသပညာရှင် Nury Vittachi ကတင်ပြလာပါတယ်။

ထိုင်းလူမျိုးများက ရယ်တာကို 555 လို့သုံးပါတယ်။ နံပါတ် ၅ ကို ထိုင်းဘာသာနဲ့ ha လို့ပြောပါတယ်။ ဒီတော့ ၅၅၅ ဆိုတာ ha ha ha (ဟားဟားဟား) ဆိုတဲ့ meaning ရပါတယ်။

ဖိလစ်ပိုင် ဘာသာစကားအရဆိုရင် jejeje ဆိုတာက ဟီးဟီးဟီး လို့အသံထွက်ပါတယ်။

အမေရိကန်တွေကတော့ ရယ်တာကို LOL လို့အသုံးပြုကြပါတယ်။ LOL ဆိုတာကို Laughing out Loud လို့ဆိုသလို Lots Of Laugh လို့ပြန်တာလည်းရှိပါတယ်။ အရမ်းရယ်ရတယ်ဆိုတဲ့ meaning ပါပဲ။

အာရှမှာတော့ အမေရိကမှာလို LOL လို့မသုံးပါဘူး။ အာရှဘာသာအများစုမှာ L ဆိုတဲ့ အသံထွက်မရှိလို့ပါတဲ့။
များသောအားဖြင့်ကတော့ ha ha ha လို့ပဲရယ်ကြပါတယ်။

တော်တဲ့ မလေးသားများကတော့ တိုအောင် ha3 လို့ပဲရေးပါတယ်။

ဂျပန်ကတော့ ရယ်တာကိုတွေ့ရင် W တစ်လုံးပဲ ရေးတယ်လို့ဆိုပါတယ်။ W ကတော့ ရယ်ရတယ်လို့ ဆိုတဲ့ ဂျပန်စကားအသံထွက် warau ကိုထိပ်ဆုံး က w ကိုယူပြီးရေးတာဖြစ်ပါတယ်။
တစ်လုံးတည်းနဲ့ရယ်ရတယ်ဆိုတာကို ပြတာဖြစ်လို့ သူကပိုတော်ပါတယ်။

ကိုရီးယားတွေကတော့ LOL နေရာမှာ kkkk လို့ရေးပြီးရယ်ပါတယ်။
ဘရာဇီးတွေလည်း K ကိုသုံးပါတယ်။ ဒါပေမယ့်သူက ပိုရှည်ပါတယ်။
kkkkkkkkkkkkkkkkkkkkkkkkkk လို့ဆိုပြီးရေးပါတယ်။

ဒါတွေကတော့ ရယ်နည်းအချို့ပါ။
ha ha ha = ပုံမှန်ရယ်သံ
Bwahaha = အကျယ်ကြီးရယ်သံ
Mwahaha = လူဆိုးရယ်သံ
Har har = မရယ်ရပါဘူးကွာဆိုတဲ့ ပုံစံမျိုးရယ်သံ
Heh heh heh = မကောင်းတဲ့ရယ်သံ
့Tee hee = ကလေးဆန်သောရယ်သံ
badump-tish ဆိုတဲ့အသုံးကတော့ ဟာသရဲ့အမြင့်ဆုံးပြက်လုံးကိုရောက်ပြီ၊ ရယ်ကြတော့ လို့ပြောလိုက်တာပါ။
မြန်မာလိုတော့ ဟားဟား၊ဟီးဟီး၊ ခွီးခွီး စသဖြင့် အသံ၊ အဟက် အဟက် စသဖြင့် ပုံစံမျိုးစုံရယ်ကြတာကို တွေ့ရပါတယ်။

ဒီလောက်ဆို စိတ်ဝင်စားစရာကောင်းတဲ့ ရယ်သံလေးတွေကို ဗဟုသုတလည်းရပြီး အသုံးပြုလို့ရပါပြီ။


Ref: Ours way24

KZL

Facebook မှာ Status အတု ဘယ်လိုရေးမလဲ ???

င်္အတုအယောင်တွေ များတဲ့ ခေတ်ထဲမှာ Status အတုရှိတာ မဆန်းပါဘူးနော်........
ကဲ.....အတုတွေ လုပ်ကြစို့  ........


1>>>ဒီကိုသွားပါခင်ဗျာ>>>http://thewallmachine.com/

2>>>အဲ့ဒီ့မှာ Connect ဆိုတဲ့ အပြာရောင် Button လေးရှိတယ်...Click တစ်ချက်လောက်ကျွေးလိုက် .....

3>>> အဲ့ဒီ့မှာ သူ Status တစ်ခု နမူနာရေးပြထားပါတယ်.........
စာတွေကို..Click နှစ်ချက်မြန်မြန်နှိပ်ပြီး Select မှတ်.....ကိုယ်ကြိုက်တဲ့ နာမည်တွေ စာတွေ ၀င်ပြင်လိုက်ပါ.......

4>>> နာမည်တင်မဟုတ်ပါဘူး.........ဓါတ်ပုံတွေလည်း ကိုယ်စိတ်ကြိုက်ထည့်နိုင်ပါတယ်...ထည့်ပြီးရင် Crop ပေါ့..

5>>> တင်ခဲ့တဲ့ နာရီတွေကိုလည်း ၀င်ပြင်နိုင်ပါသေးတယ်.....
5 minutes ago ...စတာတွေပေါ့.......

6>>> ကိုယ်စိတ်ကြိုက်လူတွေကိုလည်း Comment ၀င်ပေးနိုင်ပါသေးတယ်....ဦးသိန်းစိန် ဓါတ်ပုံနဲ့ Comment ၀င်ပေးတာတို့..
ဝတ်မှုန်ရွှေရည်...ဓါတ်ပုံနဲ့....Comment ၀င်ရေးတာတို့ ပြုလုပ်နိုင်ပါတယ်.

7>>> စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ Print Screen ဖမ်းပြီးတော့ Facebook ပေါ်ကို ဓါတ်ပုံအနေနဲ့ တင်လိုက်ပေါ့.......

အားလုံး စမ်းသပ်ရင်း..အိပ်မက်လှလှမက်ပါစေ........ :)


~>Einstein Kelvin<~
(MIT Group)

Valentine's Day Card for Programmers :D


<html>
<head>
<script text="text/javascript">
function displayValentinesMessage()
{
document.getElementById("greeting").innerHTML="Happy Valentine's Day";
}

</script>
</head>
<body>
<h1> I Love You</h1>
<h2> I Miss you </h2>
<input type="button" onclick="displayValentinesMessage();" value="My Heart says"></button>
<div id="greeting"></div>
</body>
</html>

I Love You

I Miss you


2013 တစ်နှစ်စာလုံးအတွက် တသသအမှတ်ရနေစေမယ့် Facebook လှည့်ကွက် (၃) မျိုး

ဒီရက်ပိုင်းတော့ .. ကွန်နက်ရှင်လည်း လုံးဝမကောင်းတဲ့အတွက်
ဆော့ဝဲတွေမတင်သေးပဲ .. နည်းပညာပိုင်းတွေကိုပဲ ဆက်တိုက်
ရေးဖြစ်နေပါဦးမယ် ..
နောက်ပြီး .. ကျွန်တော့်ဘလော့ကို ပုံမှန်လာပြီး အားပေးနေကြတဲ့
သူငယ်ချင်းတွေကိုလည်း တစ်ခုလောက် တောင်းပန်ချင်ပါတယ် ..
ကျွန်တော့်ဘလော့ထဲမှာ တင်ထားတဲ့ ဆော့ဝဲ တစ်ချို့ ( တော်တော်များများပါလေ)
ဒေါင်းလို့မရတာမျိုးတွေ ရှိနေပါတယ် .. ဘာကြောင့်လဲဆိုတော့
ကျွန်တော် .. အင်တာနက်ဗိုင်းရပ်လေးတစ်ခုတွေ့လို့ သူ့ကိုသတ်ဖို့ နည်းလမ်းရှာရင်း
သူ့လမ်းကြောင်းကို သိဖို့ Run ကြည့်လိုက်တာ အချိန်မှီမသတ်လိုက်နိုင်ပဲ .. Auto Request
ဖြစ်သွားတာနဲ့ Mediafire က သူ့ကို Attack လုပ်တယ်လို့ သတ်မှတ်လိုက်တယ်ထင်ပါရဲ့
ကျွန်တော့်ဖိုင်တွေကို ဖျက်ပစ်လိုက်တဲ့အပြင်
ကျွန်တော့်ရဲ့ အကောင့်ကိုပါ .. Lock လုပ်ပစ်လိုက်ပါတယ် ..
ဒါကြောင့် .. ကျွန်တော့်ဘလော့မှာတင်ထားတဲ့ ဆော့ဝဲအတွက် Download Link တွေ
အလုပ်မလုပ်တော့တာကို သည်းခံပေးကြပါဦး .. တဖြည်းဖြည်းချင်းတော့
အသစ်ပြန်တင်ပြီး လင့်တွေကို ပြန်ချိတ်ပေးပါ့မယ် ..

Facebook က ကျွန်တော့်ရဲ့ .. ညီအစ်ကို တစ်ယောက်ဖြစ်တဲ့ Ye Nayzaraung ကလည်း
သူ့ရဲ့ Mediafire အကောင့်ရော Password ရော ယုံယုံကြည်ကြည်နဲ့ ပေးထားပါတယ် .
ဖွင့်လို့မရလောက်အောင်ကို ကွန်တွေပိန်းနေသေးလို့ လင့်တွေ ပြန်မချိတ်ပေးနိုင်သေးတာပါ
Ye Nayzarnaung ကိုလည်း ကျေးဇူးအကြီးကြီးတင်တဲ့အကြောင်း ဒီပို့စ်လေးကနေပဲ ..
မှတ်တမ်းတင်လိုက်ပါတယ် ..
ဒီနေ့မျှဝေပေးမှာကတော့ .. နည်းပညာပိုင်းလို့ ပြောလို့လည်း ရသလို အပျော်အပျက်သဘောလို့ သတ်မှတ်မယ်ဆိုရင်လည်း ရပါတယ် .. ဘယ်လိုပဲ ဖြစ်ဖြစ်ပါ .. ဒီပို့စ်လေးကို ဖတ်လို့ပြီးသွားတာနဲ့ သူငယ်ချင်းတို့အနေနဲ့ ဟောဒီ 2013 တစ်နှစ်လုံးနီးပါး .. ဒီပို့စ်လေးကို သတိတရဖြစ်နေလိမ့်မယ် ဆိုတာကိုတော့ ထင်ကြေးပေးလိုက်ပါတယ် ..
ကဲ .. စလိုက်ကြစို့ Facebook Fake လေးတွေ ...

(၁) မကြောက်မလန့်တတ်ဘူးဆိုတဲ့ သူငယ်ချင်းတွေကို ဒီလင့်လေးပေးလိုက်ပါ

ဟုတ်ကဲ့ .. ကျွန်တော်ကိုယ်တိုင်လည်း အကြောက်အလန့်နည်းတဲ့ လူတစ်ယောက်ပါ ..
ဒါပေမယ့် .. အခုကျွန်တော်ပေးတဲ့လင့်ကို သွားလိုက်တာ ခေါင်းပေါ်က ဆံပင်မွှေးတွေတောင် ထောင်တက်သွားသလား ထင်ရပါတယ် ..
သိပ်ပြီးထူးဆန်းတဲ့ လင့်တော့လည်း မဟုတ်ပါဘူး ..
Facebook User တစ်ယောက်ရဲ့ Profile လင့်လေးပါ ..
သူ့ရဲ့ Profile ကိုရောက်တာနဲ့ ခံစားချက်တစ်မျိုးကို သေချာပေါက်ခံစားရပါလိမ့်မယ် ..
အဲ .. တစ်ခုမှာထားချင်တာကတော့ သူငယ်ချင်းအနေနဲ့ ကြောက်လန့်သွားတဲ့ ခံစားချက်မျိုးကို မခံစားရသေးဘူးဆိုရင် အဲဒီ Profile မှာ ထည့်သွင်းထားတဲ့ အဆင့်မြင်နည်းပညာကို မတွေ့သေးလို့ပါ (ကွန်နက်ရှင်ပေါ်မူတည်ပြီး ၁၀ မိနစ် ၁၅ မိနစ်လောက်အထိတော့ အဲဒီ Profile ပေါ်မှာ သေသေချာချာ လေ့လာနေလိုက်ပါ .. တစ်ခုခုကို မသိမချင်းပေါ့ .. )
နောက်ပြီး တစ်ခုတောင်းပန်ချင်တာက အဲဒီလင့်ကို နှလုံးရောဂါသည် သူငယ်ချင်းတွေကိုတော့ လုံးဝမပေးမိစေချင်ပါဘူး .. သူငယ်ချင်းကိုယ်တိုင် နှလုံးမခိုင်ရင်လည်း အဲဒီလင့်ကို ၀င်မကြည့်စေချင်ပါဘူး
ကိုယ်စူးစမ်းမှုကို ကိုယ်တိုင်သာ တာဝန်ယူကြဖို့နဲ့ ကျွန်တော်ပေးတဲ့လင့်ကြောင့် ဒီလိုဖြစ်သွားတာ ဆိုတဲ့ အပြစ်တင်မှုမျိုးကိုတော့ မဖြစ်လာအောင် ကူညီပေးကြပါလို့ ..
ကဲ ..  ဆုံးဖြတ်လိုက်ပါ .. သေချာပေါက် စိတ်ခိုင်တယ်ဆိုရင် ....

ဒီလင့် ကိုသွားပြီး ၁၀မိနစ်လောက် လေ့လာကြည့်လိုက်ပါ ...



(၂) Facebook က သူငယ်ချင်းတွေ ဇဝေဇ၀ါဖြစ်သွားစေမယ် ..


ဒီနည်းကလည်း တစ်မျိုးလေးပါ .. အောက်ကပုံကို တစ်ချက်ကြည့်ပါ


အဲဒီလို Newfeed လေး သူငယ်ချင်းတို့ရဲ့ Timeline ပေါ်မှာ မကြာခဏ မြင်ဖူးကြမှာပေါ့ ..
ဒါပေမယ့် .. ဒီပုံရဲ့ထူးခြားချက်က .. အဲဒီထဲမှာ ပါဝင်ပြီး Status လှမ်းပို့ပေးတဲ့လူ .. အောက်ကနေ Comment ၀င်ရေးထားတဲ့ လူတွေဟာ တစ်ကယ် .. Facebook အကောင့်ပိုင်ရှင်တွေကိုယ်တိုင်က လုပ်လိုက်တာမဟုတ်ပဲ .. Application လေးတစ်ခုနဲ့ ဖန်တီးပြီး ကိုယ့်ရဲ့ Timeline ကို ပို့ပေးလိုက်တာပါ
ဒီနည်းကိုသုံးပြီး ပြဿနာတောင်ဖြစ်အောင် ဖန်တီးလို့ရတာကြောင့် ဒီနည်းကို မတင်ချင်ပေမယ့် .. အလားတူပြဿနာမျိုးကြုံလာခဲ့ရင် ဒီလိုလုပ်ထားတာမျိုးလည်း ဖြစ်နိုင်တယ်လို့ ဆင်ခြင်နိုင်အောင် ရည်ရွယ်ပြီး ဒီနည်းလေးကို မျှဝေပေးလိုက်တာပါ .. (စကားမစပ် .. Ye Nayzaraung နဲ့  သစ်သီးရေ နင်တို့ကို ထည့်သုံးထားမိတယ် .. စိတ်မဆိုးနဲ့နော် .. )
ဒီနည်းလေးကိုသုံးပြီး .. ကိုယ်ကြိုက်တဲ့ Status မျိုး ( ကိုယ်က ရေးတင်တာ . .ကိုယ့် Timeline ပေါ်ကို အခြားတစ်ယောက်က လှမ်းပို့ခဲ့တာ .. ) အဲဒီလိုဖန်တီးလို့ရပြီး အောက်က Comment တွေကိုလည်း ကိုယ်ထည့်ချင်တဲ့လူကို သူကိုယ်တိုင် ၀င်ရေးထားသယောင် ဖန်တီးလို့ရပါတယ် ..

ကဲ .. လုပ်ကြည့်ချင်ရင် ဒီလင့် ကိုသွားလိုက်ပါ ..




 အောက်ကပုံအတိုင်းပွင့်လာမယ် ..


အဲဒီထဲက ပုံတွေ comment တွေရှိတဲ့နေရာလေး ပေါ်လာတဲ့အခါ
 အဲဒီပုံပေါ်မှာ ကလစ်ပေးလိုက်ရင် အောက်ကပုံအတိုင်း ပြောင်းသွားပါမယ်


အဲဒီထဲက Create Your Wall ကိုနှိပ်လိုက်ပါ ..
နောက်အဆင်တွေကတော့ Facebook Application တွေကို သုံးနေကျအတိုင်းပဲ .. Allow ပေးတာတွေဘာတွေတော့ မပြောတော့ဘူးနော် အဆင့်ဆင့်သွားပြီးရင် အောက်ကပုံကိုရောက်မယ်



အဲဒီထဲမှာရှိတဲ့ ပုံတွေကအစ Like တွေ Comment တွေအဆုံး အားလုံးကို ပြင်လို့ရပါတယ် ..
ပုံကိုပြင်ချင်ရင် ပုံပေါ်မှာ ကလစ်ပေးလိုက် .. ကိုယ် ပုံချင်တဲ့ပုံကို ဘယ်ကယူမယ်ဆိုတာ ပြန်ညွန်းခိုင်းလိမ့်မယ် .. Facebook က သူငယ်ချင်းတွေရဲ့ပုံတွေကို ယူသုံးချင်ရင်လည်း ရတယ် ..Google ကပုံတွေ အပြင်ကပုံတွေ တင်မယ်ဆိုရင်တော့ ကျွန်တော်တို့ Profile တွေတင်သလိုပဲ ပုံကို အဆင်ပြေအောင် ကိုယ်လိုသလို ဖျတ် ( Crop ) လုပ်ပေးရမယ် .. အဆင်သင့်ဖြစ်သွားရင် Save ကိုနှိပ်လိုက်ရုံပဲ .. မကြိုက်ရင်လည်း ပြန်ပြောင်းလို့ရသေးတယ်
Like ကိုလည်း ဘယ်သူက Like လုပ်သွားတယ်ဆိုတာကအစ ပြင်လို့ရတယ် .. ပြင်ချင်တဲ့ စာပေါ်မှာ ကလစ်ပေးပြီး ကလစ်ဝင်သွားပြီဆိုရင် Select ပေးပြီး ပြောင်းလိုက်ရုံပဲ ..
သူငယ်ချင်းတွေရဲ့ နံမည်ကို ယူသုံးမယ်ဆိုရင်လည်း တစ်လုံးနှစ်လုံးရေးလိုက်တာနဲ့ လင့်ဝင်လာမှာပဲ ..
ကျန်တဲ့အဆင့်တွေကတော့ .. ဘာမှ သိပ်မခက်ခဲတော့လို့ ဆက်လုပ်လိုက်တော့နော် ..
ကိုယ်လုပ်လိုက်လို့ ကိုယ့် Timeline ပေါ်ရောက်လာတဲ့အခါ .. နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာရင် ကျွန်တော့်တာဝန် ဟုတ်ဘူးနော် .. ( သစ်သီးတို့ ... ရဲနေဇာအောင်တို့လို လူပျိုသိုးကြီးတွေ .. February 14 ရက်နေ့မှာ သက်မွန်မြင့်ဆီကနေ ချောကလက်ပုံလေးလှမ်းပို့သလိုမျိုး လုပ်ကြံဖန်တီးလို့ ရသွားတာပေါ့ .. :P )

(၃) သူငယ်ချင်းတစ်ယောက်ကို ချောက်ချရအောင် ..

ဒီနေ့တင်လိုက်သမျှတော့ .. ကောင်းတာကို တစ်ခုမှ မပါဘူးလို့များ ထင်တော့မလားမသိဘူး ..
ဒီနည်းလေးအတွက် အောက်ကပုံကို ကြည့်လိုက်ပါဦး



အဲဒီထဲကပုံလိုမျိုး ကိုယ့်ရဲ့ Timeline မှာ ကိုယ်ရဲ့ ပုံနဲ့အတူ ကမ္ဘာကျော်သတင်းစာကြီးတွေကနေ ကိုယ့်ရဲ့ သတင်းကို ထုတ်ပြန်လိုက်တာမျိုးများ တွေ့ရရင် အံ့သြသွားမယ်ထင်တယ်နော် ..
အဲဒါဆိုရင် ကိုယ့်နံမည်နဲ့ ကိုယ့် Profile ပုံမဟုတ်ပဲ .. ကိုယ်ချောက်ချချင်တဲ့သူငယ်ချင်းတစ်ယောက်ကို သူဟာ ကမ္ဘာပေါ်မှာ အယုတ်မာဆုံးရာဇ၀တ်ကောင်တစ်ယောက်ဖြစ်တဲ့အကြောင်း Facebook က သတင်းထုတ်ပြန်ပေးအောင် လုပ်လိုက်မယ်ဆိုရင် .. ခံရတဲ့လူတော့ တော်တော်ခွီးသွားမယ် ထင်ပါရဲ့ ..
ဘယ်သူက ပို့လိုက်လို့ပို့လိုက်မှန်းလဲ မသိရဘူး .. ကိုယ်က တစ်ဆင့် ပြန် Share တက်ပုံမျိုး သူငယ်ချင်းတွေ အဆင့်ဆင့်များ လက်ဆင့်ကမ်းပြီး Share လိုက်ရင် နိုင်ငံခြားက Facebook User တွေတောင် ချမ်းဖျားတွေတက်ကုန်မယ်ထင်တယ် ..

ကဲ .. စမ်းကြည့်ချင်ရင်တော့ ကိုယ်ချောက်ချချင်တဲ့ သူငယ်ချင်းရဲ့ နံမည်ကိုနှိပ်ပြီး Address bar မှာ တက်လာတဲ့ သူ့ရဲ့ လင့် .. ( သူ့ရဲ့ ID လို့ ခေါ်ပါတယ် ) ကိုကော်ပီကူးယူပြီး

ဒီလင့် ကိုသွားလိုက်ပါ ..


အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..


အဲဒီထဲက ထဲက အပေါ်ဆုံးက Select the topic မှာ ဘယ်လို ခေါင်စဉ်မျိုးနဲ့ သတင်းကို သုံးမယ်ဆိုတာကိုရွေးပေးပါ ..
First name နေရာမှာ ကိုယ်ချောက်ချချင်တဲ့လူရဲ့ နံမည် ရှေ့တစ်ဖြတ် Last name နေရာမှာ သူ့ရဲ့ နံမည်နောက်တစ်ဖြတ် ကိုထည့်ပါ ..
ID ဆိုတဲ့အကွက်မှာ စောနက ကူးယူလာတဲ့လူရဲ့ လင့် ( ID ) ကိုထည့်ပါ ..
Location မှာ သူ့ရဲ့တိုင်းပြည် ( ကိုယ်ကြိုက်ရာ) ကိုထည့်ပေးပါ ..
ပြန်စစ်ချင်သေးရင် Preview ကိုနှိပ်ပြီး ကြည့်လို့ရပါတယ် ..
ကျေနပ်ပြီဆိုရင် အောက်နားက Share နေရာလေးကို Mouse တင်လိုက်ရင် Share လို့ရတဲ့ media တွေ တက်လာမယ် .. Facebook ကိုရွေးပေးလိုက်တာပေါ့ ..
ပြီးသွားပြီ .. နောက်ပြဿနာတော့ ကြည့်ကျက်သာ ရှင်းကြပေတော့ ..
ကဲ .. Facebook ပေါ်မှာ ပျောက်ရွှင်နိုင်ကြပါစေဗျာ ..

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး
အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...