Ativ One 5 Style ဟာ Samsung က
နောက်ဆုံး ထုတ်လုပ် လိုက်တဲ့ All-in-one-touch-screen PC ဖြစ်ပါတယ်။ TV,
Media Center, Office တွေမှာ အသုံး ပြုဖို့ ရည်ရွယ်ပြီး ထုတ်ထား တာပါ။
Galaxy Tablet Range နဲ့ တူညီပြီး Full HD Touch-enabled 21.5-inch Display
နဲ့ Quad-core Processor တို့ ပါဝင် ပါတယ်။
အရှေ့က ကြည့်ရင်တော့ Galaxy Tab
အကြီးစားလို့ ထင်ရ မှာပါ။ အရောင် ကတော့ အဖြူရောင် ဖြစ်ပြီး တောက်တောက်
ပြောင်ပြောင်နဲ့ လှပ ပါတယ်။ အစွန်းဖက် မှာတော့ Galaxy Tablet နဲ့ Phone
တွေမှာ လိုပဲ တူညီတဲ့ Chrome-effect Band ကို သုံးထား ပါတယ်။ အဖြူရောင်ဟာ
ဆွဲဆောင်မှု ရှိပေမယ့် ဖုန်ထူတဲ့ ရုံးခန်းလို နေရာ မျိုးမှာ ထားဖို့တော့
အဆင် ပြေမယ် မထင် ပါဘူး။ သူ့ရဲ့ Stand ကလည်း အဖြူရောင်ပဲ ဖြစ်ပါတယ်။
အနောက်ဖက် မှာတော့ တောက်ပြောင်တဲ့ အဖြူရောင် ပလပ်စတစ်နဲ့ ပြုလုပ် ထားပါတယ်။
အဲဒီ အနောက်ဖက် မှာတော့ Two USB 2.0 Ports, Two USB 3.0 Ports, Audio
Jack, SD Card Slot, Ethernet Port, HDMI Output တို့ ပါရှိ ပါတယ်။
Touch-screen Display 21.5-inch ရှိပြီး
Resolution ကတော့ 1,920 x 1,080 Pixels Full HD ဖြစ်ပါတယ်။ YouTube ဒါမှ
မဟုတ် Blu-ray Player ကနေ Full HD Video တွေကို ကြည့်တဲ့ အခါမှာ တကယ့်ကို
ကြည်လင် ပြတ်သားပြီး ရုပ်ထွက် ကောင်းပါတယ်။ Windows 8 Interface ကို ကြည့်ရ
တာလည်း ရှင်းရှင်း လင်းလင်း ရှိပြီး Icons, Text တွေ ကလည်း ပြတ်သားမှု
ရှိပါတယ်။
Windows 8 Full Version ကို သုံးထားပြီး
တခြား သာမန် Desktop Software တွေ ကိုလည်း အသုံး ပြုခွင့် ပေးထားလို့ App
Store က ရှာပြီး သုံးတာတွေ ကိုလည်း အသုံး ပြုလို့ ရပါတယ်။ Quad-core
Processor Courtesy of AMD ကို အသုံး ပြုထား ပါတယ်။ Galaxy Tab Styling နဲ့
ဆင်တူပြီး ကျစ်ကျစ် လျစ်လျစ်နဲ့ သုံးလို့ အဆင် ပြေမယ့် All-in-one PC
တစ်ခု ဖြစ်ပါတယ်။
Reference: Cnet.com
http://itnews.credowave.com/index.php/main/news_detail/200#.UeBHOt34I85
0 comments:
Post a Comment
ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်